မန္တလေး ညမထွက်ရ ရုပ်သိမ်း

  • 11 ဩဂုတ် 2014
mandalay ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မန္တလေး ပဋိပက္ခကြောင့် ညမထွက်ရ အမိန့်ထုတ်

ရက်ပေါင်း ၄ဝ နီးပါး ညပိုင်း အချိန် အကန့်သတ်နဲ့ ထွက်ရမယ် လို့ အမိန့် ထုတ်ထားခဲ့တဲ့ မန္တလေး မှာ ညမထွက်ရ အမိန့်ကို ရုပ်သိမ်း လိုက်ပါပြီ။

ဇူလိုင် ၃ ရက် ညက က ထုတ်ခဲ့တဲ့ ည ၉ နာရီ ကနေ မနက် ၅ နာရီ ညမထွက်ရ အမိန့်ထုတ် ထားခဲ့ပြီး နောက်တဆင့် အနေနဲ့ ဇူလိုင် ၂၈ က ပြောင်းထုတ် လိုက်တဲ့ ည ၁၀ နာရီ ကနေ မနက် ၃ နာရီအတွင်း ညမထွက်ရ ဆိုတဲ့ အမိန့်ကို ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

ခုလိုညပိုင်း အကန့်အသတ် နဲ့ သွားလာခွင့် ပိတ်ထားတာ ကို အကန့်သတ်မရှိ သွားလာလို့ ရလို့ မန္တလေး ဒေသခံအများစု ကတော့ အချုပ်အနှောင်က လွတ်သလို ပျော်နေကြပါတယ်။ မန္တလေးမြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ထုတ်ခဲ့တဲ့ ညမထွက်ရ အမိန့်ကို ချိုးဖောက် လို့ ဖမ်းဆီးခံရတဲ့ လူတထောင်ကျော် ကတော့ တချို့လည်း ဒဏ်ငွေဆောင် ရသလို တချို့လည်း ထောင်ဒဏ် ၁ ပတ် ကနေ ၂ပတ်ထိ စီရင်ချက် ချခံခဲ့ရပါတယ်။

ပဋိပက္ခ ဖြစ်စဉ်မှာ ကိုယ်တိုင် ပါဝင်ခဲ့လို့ ဖမ်းဆီး ခံရသူ ကတော့ ၅၆ ယောက် ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့ ဆီက သိရပါတယ်။

ပဋိပက္ခ ဖြစ်စဉ်ရဲ့ အဓိက အကြောင်းအရင်း တခုကို ဖန်တီးတယ် ဆိုတဲ့ မုဒိမ်းမှု ကျူးလွန် ခံရတယ် ဆိုပြီး လိမ်လည် တိုင်တန်းသူ မစိုးစိုးခေါ် ကတုံးမနဲ့ အပေါင်းပါ တွေကိုတော့ ပျဉ်းမနား တရားရုံးမှာ စစ်ဆေး နေဆဲလို့ သိရပါတယ်။

မန္တလေး ဒေသခံတွေ ကတော့ ဒီကိစ္စကို ဘယ်လို စီရင်မလဲ ဆိုတာ စိတ်ဝင်တစား နားစွင့် နေကြသလို ဒီလို ပဋိပက္ခမျိုး နောက် မပေါ်ပေါက်အောင် သတိ ကြီးကြီးနဲ့ စောင့်ကြည့် နေကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ