ဦးနှောက်အမြှေးရောင်နဲ့ အသေအပျောက်များနေ

  • 11 ဩဂုတ် 2014
_rakhine_fishing_boat_ ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင် ငါးဖမ်းလှေ

စစ်တွေ ဆေးရုံကြီး မှာ ဦးနှောက် အမြှေးရောင် ရောဂါနဲ့ ရသေ့တောင်မြို့နယ် ကျောက်ရံရွာမှ ၁၀ နှစ်သားအရွယ် ကလေးငယ် တစ်ဦး၊ မနေ့က သေဆုံး သွားခဲ့တဲ့ အတွက်၊ ဒီတစ်လ နှစ်လ အတွင်း စစ်တွေ ဆေးရုံကြီးမှာ အဲဒီရောဂါ နဲ့ သေဆုံးသူ ကလေး အရေအတွက် ဟာ (၉) ဦး အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဦးနှောက် အမြှေးရောင် ရောဂါနဲ့ စစ်တွေ ဆေးရုံကို ရောက်လာ ကြသူတွေ အယောက် ၄၀ ရှိခဲ့ပြီး၊ လက်ရှိ ဆေးရုံပေါ် မှာ ကုသမှု ခံယူနေရ ဆဲ လူနာ ၁၂ ဦး ရှိနေတယ် လို့၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဆန်း က ပြောပါတယ်။

ဒီရောဂါဟာ ရောဂါပိုး ရှိတဲ့ ဝက်ကဲ့သို့ မွေးမြူရေး တိရိစ္ဆာန်တွေကို ကိုက်ခဲ့တဲ့ ခြင်ကနေ တဆင့် လူတွေဆီ ကူးစက်တာ ဖြစ်လို့၊ ခြင် နှိမ်နှင်းရေး လုပ်ဖို့ လိုအပ်ကြောင်း ဒေါက်တာ အောင်ဆန်း က ပြောပါတယ်။

ဒီ ဦးနှောက် အမြှေးရောင် ရောဂါကို၊ ရခိုင်ပြည်နယ် အတွင်း ၂၀ဝ၇ ခုနှစ်လောက်က စ တွေ့ခဲ့ ကြရပြီး၊ ဒီနှစ်လောက် ရောဂါ အဖြစ်များပုံ မျိုးကိုတော့ အရင်က မတွေ့ခဲ့ရဘူး လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ