ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့၊ ၆၆ ပါတီနဲ့ တွေ့ဆုံ

  • 11 ဩဂုတ် 2014
Image caption နိုင်ငံရေး မူဘောင်တွေ ရေးဆွဲရေး ကိစ္စ အတွက် ပါတီ တွေ စဉ်းစား ထားဖို့ အကြို ညှိနှိုင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ ဟာ ပါတီ ၆၆ ခုက ကိုယ်စား လှယ် တွေနဲ့ တနင်္လာနေ့က ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) မှာ ကျင်းပတဲ့ ဒီ တွေ့ဆုံ ဆွေးနွေး ပွဲမှာ နိုင်ငံရေး မူဘောင် တွေ ရေးဆွဲရေး ကိစ္စ အတွက် ပါတီ တွေ အနေနဲ့ တင်ကြို စဉ်းစား ထားဖို့ အကြို ညှိနှိုင်း တာဖြစ် တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ SNLD ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်းတို့ ဘက်က လက်ရှိ အပစ် အခတ် ရပ်စဲ ရေး အခြေ အနေ တွေကို ရှင်းပြ ခဲ့တယ် လို့လည်း သူက ပြောပါတယ်။ အခု နိုင်ငံ ရေး မူဘောင် ကိစ္စ ဆိုတာ ကလည်း တနိုင်ငံလုံး အပြစ်ရပ်စဲ ပြီး ရင် ဆောင်ရွက်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲပြီး၊ ၂ လ အတွင်း ဒီမူဘောင်တွေကို ချမှတ်ဖို့ နဲ့ နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း ရှေ့နှစ် ၂၀၁၅ နှစ်ဆန်းမှာ ဆောင်ရွက် နိုင်ဖို့ ရည်မှန်းထား ကြောင်း ဝန်ကြီး ဦးအောင်မင်း က ဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ ပါတယ်။

ဦးစိုင်းညွန့်လွင် ကတော့ ဒီမူဘောင်တွေ ဆိုတာဟာ အားလုံး သဘောတူ ညီနိုင်မယ့် အခြေ အနေမျိုး ဖြစ်ဖို့ လိုကြောင်း ဒါမှ မဟုတ်ရင် နိုင်ငံရေး ဆွေးနွေး ပွဲတွေ မအောင် မမြင် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

တိုင်းရင်သား တွေဘက်က လိုလားတဲ့ ဖက်ဒရယ် ပုံစံ ကိစ္စရပ်တွေ ကိုတော့ နိုင်ငံရေး ဆွေးနွေးတဲ့ အဆင့် ရောက်မှသာ ဆွေးနွေး နိုင်မယ့် သဘော ရှိတယ် လို့လည်း ဦးစိုင်းညွန့်လွင်က ဘီဘီစီကို ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ