ဖွဲ့စည်းပုံပြင်ဖို့ သုံးသပ် ပြီးစီး

_constitution_burma
Image caption ၂၀၀၈ မြန်မာ ဖွဲ့စည်းပုံ အခြေခံ ဉပဒေ

အခြေခံဥပဒေပြင်ဆင်ရေး ၃၁ဦး လွှတ်တော် ကော်မတီက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပုဒ်မအားလုံး ဖြစ်တဲ့ ၄၅ရ ခုကို ဆန်းစစ်ပြီးပြီလို့ ဆိုပါတယ်။

ကော်မတီအနေနဲ့ မပြင်ဆင်တဲ့ ပုဒ်မ အနည်းငယ် ရှိပေမယ့်၊ အခြေခံ ဉပဒေ ပြင်ဆင်နိုင်ရေးမှာ အရေးကြီးတဲ့ ပုဒ်မ ၄၃၆ အပါအဝင် အတော်များများ ကို ၃၁ ဦး ကော်မတီ အနေနဲ့ ပြင်ဆင်ခဲ့တယ်လို့၊ အဲဒီ့ ကော်မတီဝင် ဒေါက်တာ အေးမောင်က ပြောပါတယ်။

၂၀၀၈ အခြေခံ ဥပဒေ နောက်ဆက်တွဲ ဇယား ၅ ခု ကိုတော့၊ လာမယ့် စက်တင်ဘာ လဆန်းက စပြီး၊ ပြည်ထောင်စု လွှတ်တော် ပြန်လည် မစတင်ခင် အထိ တစ်ပတ်လောက် အချိန်ယူ သုံးသပ် ပြီးတဲ့နောက်၊ ကော်မတီ အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း ရေးဆွဲမယ်လို့ ဒေါက်တာ အေးမောင် က ဆိုပါတယ်။

ပြည်ထောင်စု လွှတ်တော် ကျင်းပတဲ့အခါ၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုကို ကော်မတီ က ရေးဆွဲထားတဲ့ ဥပဒေကြမ်း နဲ့ အတူ တင်သွင်းတဲ့ အခါ၊ လွှတ်တော် ကိုယ်စားလှယ်တွေ က ဆွေးနွေးပြီး၊ မဲခွဲ ဆုံးဖြတ်ကြရ မှာ ဖြစ်တယ်လို့ လည်း၊ ဖြစ်လာမယ့် လုပ်ငန်းစဉ် အကြောင်း ဒေါက်တာ အေးမောင် က ပြောပါတယ်။

ပုဒ်မ ၄၃၆ ကို၊ ၃၁ ဦး ကော်မတီဝင် တပ်မတော်၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ တို့ရဲ့ ကိုယ်စားလှယ် အသီးသီးက ဘယ်လို ဘယ်ပုံ ပြင်ဆင်ထား ကြောင်း၊ အတိတကျကိုတော့ ဒေါက်တာ အေးမောင်က ထုတ်ဖော် မပြောပြ နိုင်ပေမယ့်၊ ကော်မတီ အနေနဲ့ ပြင်ဆင်ပြီးကြောင်း အတည်ပြုပါ တယ်။

ဒါပေမယ့်၊ လွှတ်တော် အတွင်း မဲခွဲ ဆုံးဖြတ်ကြတဲ့ အခါ၊ ကိုယ်စားလှယ် ၇၅ % ကျော်ရမှ၊ တကယ် ပြင်ဆင်တဲ့ အဖြစ်ရောက်မှာ ဖြစ်ကြောင်းလည်း ဒေါက်တာ အေးမောင်က သတိ ပေးပါတယ်။

အကယ်၍၊ ပုဒ်မ ၄၃၆ လို အခြေခံ ဥပဒေပါ အချက်အလက်ဟာ၊ လွှတ်တော်က ပြင်မယ်လို့ ထောက်ခံမဲ အများနဲ့ ဆုံးဖြတ် နိုင်ခဲ့ရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးရမယ့် ပုဒ်မ မျိုးဖြစ်ပါတယ်။

ဒီလို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖြစ်လာခဲ့ရင်၊ ၂၀၁၅ ရွေးကောက်ပွဲ မစခင် ၆ လ လောင် တင်ကြိုပြီး၊ သင်္ကြန်အပြီးကာလ လောက် ပြုလုပ်နိုင်ဖို့ မျှော်လင့်ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့ အခါ၊ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြင်ဆင်ထားတဲ့ အခြေခံ ဥပဒေ အဆင်သင့် ရှိနေမှာ ဖြစ်ကြောင်း ဒေါက်တာ အေးမောင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ