ခေါင်းလောင်းကြီး နေရာ ရွေ့ကောင်း ရွေ့သွားနိုင်

  • 17 ဩဂုတ် 2014
yangon
Image caption ရန်ကုန် မြစ်ဆုံ မှာ ခေါင်းလောင်းကြီး ရှိတယ်လို့ ယူဆ

ရန်ကုန် မြစ် သုံးခွဆုံ မှာ ရှေးဟောင်း ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ဖို့ ကြိုးစားနေတာ ၈ ရက် ရှိသွားပါပြီ။

ပြည်သူ လူထုက လဲ ဒီဆယ်ယူမှုကို စိတ်ဝင်တစား စောင့်မျှော် ကြည့်ရှု နေကြပါတယ်။

ဒီလို ဆယ်ယူမှု နဲ့ ပတ်သက်ပြီး အစိုးရ ယဉ်ကျေးမှု ဝန်ကြီး ဌာန ဘက်က ယုံကြည် စိတ်ချ ရတဲ့ အဖွဲ့ တွေကို စိစစ် ခွင့်ပြု ပေးနေတယ်လို့ ယဉ်ကျေးမှု ဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

ဌာန အနေနဲ့ သီးသန့် ဆယ်ယူဖို့ အစီအစဉ် မရှိပေမယ့် ဆယ်ယူဖို့ ကြိုးစားသူ တွေကိုတော့ ခွင့်ပြု အားပေး နေတာ ဖြစ်ပါတယ်။

ဒီခေါင်းလောင်း ဒီနေရာမှာ တကယ် ရှိသလား၊ ရေအောက်က အရာဝတ္ထု တွေဟာ အနှစ် တရာမှာ ၁ဝ မိုင်လောက် နှုန်းနဲ့ ရွေ့လေ့ ရှိတယ်လို့ ရေကြောင်း သိပ္ပံ ပညာရှင် တွေက သုံးသပ်ချက် တွေလဲ ရှိပါတယ်။

ဒါပေမဲ့ ဒီခေါင်းလောင်း ပေါ်မှာ သင်္ဘောပျက် တစင်း ဖိမိနေတယ်လို့ ခေါင်းလောင်း ဆယ်တဲ့ အဖွဲ့ ဘက်က ပြောနေပါတယ်။

ဒီခေါင်းလောင်း ကို ဒီဗရစ်တို နဲ့ ပေါ်တူဂီ နယ်ချဲ့တွေက ရွှေတိဂုံ ကုန်းတော် ပေါ်က ယူဆောင်သွားတဲ့ အထောက်အထား ရေးသားချက် တွေ ရှိခဲ့ပြီး ပြန်ဆယ်ယူ ရခဲ့ရင် အစိုးရ လက် ပြန်အပ်ရမှာ ဖြစ်တယ်လို့ ဦးသန်းဆွေက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ