PR စနစ် အကြောင်း NLD ရှင်းလင်း

  • 17 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption PR စနစ်ကို အမျိုးသားလွှတ်တော်မှာ အတည် ပြုခဲ့ပြီး ပုံစံ ရေးဆွဲနေ

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင် တွေဟာ အချိုးကျ ကိုယ်စားပြု PR စနစ်နဲ့ ပတ်သက်ပြီး ရန်ကုန် အပါအဝင် မြို့နယ် တစ်ချို့ မှာ ဆွေးနွေး ဟောပြော တာတွေကို ဆက်တိုက် နီးပါး ကျင်းပ ပြုလုပ် လျက် ရှိပါတယ်။

ရန်ကုန်မှာ PR နဲ့ ပက်သတ်ပြီး ဟောပြောတာ လုပ်ခဲ့ သလို တနင်္ဂနွေ နေ့ မနက်ပိုင်း ကလည်း ပဲခူးတိုင်း နတ်တလင်း မြို့ မှာ NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် တွေ သွားရောက် ပြီး ဒေသခံ တွေကို PR စနစ်နဲ့ ပက်သတ်ပြီး ဟောပြော ခဲ့ကြ ပါတယ်။

လောလောဆယ် မှာတော့ NLD အနေနဲ့က PR ဟာ ဘယ်လို စနစ်မျိုး ဖြစ်တယ် ဆိုတာ ကို အများ ပြည်သူ သိအောင် ရှင်းပြ နေတာ သာ ဖြစ်တယ်လို့၊ နတ်တလင်း မြို့ ဟော ပြောပွဲ မှာ ပါဝင် ဟောပြော ခဲ့သူ တစ်ဦး ဖြစ်တဲ့ NLD ဗဟို ကော်မတီဝင် စာရေး ဆရာ ထင်လင်းဦး က ဘီဘီစီကို ပြောပါတယ်။

အမျိုးသား လွှတ်တော် မှာလည်း PR ကို ကျင့်သုံး ဖို့ အတွက် ပုံစံ ရေးဆွဲ နေ သလို၊ ပြည်သူ လွှတ်တော် မှာတော့ ကျင့်သုံး ဖို့ အတွက် ကော်မရှင် ဖွဲ့ပြီး သုံးသပ် အစီရင် ခံဖို့တွေ လည်း ရှိနေပါတယ်။

အခုလို PR အကြောင်း ဟောပြော ပွဲတွေ ဆွေးနွေး ပွဲတွေ ကို NLD အဖွဲ့ ဝင်တွေ ကနေ ကျောက်ပန်းတောင်း စတဲ့ မြန်မာပြည် အထက် ပိုင်း မြို့တွေမှာ ကျင်းပဖို့ ရှိတယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ