ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်း

ဓာတ်ပုံ မူပိုင် gov

မြန်မာ နိုင်ငံမှာ ငွေကြေး ခဝါချမှု တိုက်ဖျက် ရေး ဗဟို အဖွဲ့ကို ဖွဲ့စည်း ခဲ့ပြီး ဖြစ်ကာ၊ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ဒီ အဖွဲ့ကို ဥက္ကဌ အဖြစ် ပြည်ထဲ ရေး ဝန်ကြီးက ဦးဆောင် မှာ ဖြစ်ပါ တယ်။

တရား မဝင် နည်းနဲ့ ရရှိ ထားတဲ့ ငွေမည်းတွေနဲ့ မြန်မာ နိုင်ငံ စီးပွားရေး လူမှုရေး လုပ်ငန်း တွေမှာ ပါဝင် ဆောင်ရွက် တာတွေကို အရေးယူ ဖေါ်ထုတ်ဖို့ ဖွဲ့စည်းတာ ဖြစ်ကြောင်း အဲဒီ အဖွဲ့ရဲ့ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် စိုးမြိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ ၂၀၀၂ ခုနှစ်က ထုတ်ပြန် ခဲ့တဲ့ ဥပဒေ အတိုင်း မဟုတ်ပဲ၊ အခု ၂၀၁၄ ခုနှစ် မှာ သတ်မှတ် ပြဌာန်းတဲ့ နိုင်ငံ တကာ အဆင့်မီ ဥပဒေ အတိုင်း ဆောင်ရွက်မှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

အရင် မြန်မာ နိုင်ငံ မူးယစ်ရာဇာ တွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကိုတော့၊ သတင်း ပေးလာ ခဲ့ရင် စိစစ်ရေး အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက် မယ်လို့ ဆိုပါ တယ်။

ဒီအဖွဲ့ဟာ နိုင်ငံ တကာ အဖွဲ့တွေ ဒေသတွင်း အဖွဲ့တွေနဲ့ အိမ်နည်းချင်း နိုင်ငံတွေ နဲ့ပါ ပူးပေါင်း ဆောင်ရွက် မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ