အစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ တွေ့

  • 18 ဩဂုတ် 2014
Image caption အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ အမြင်ဖလှယ်

မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲဟာ မကြာခင်တိုင်းရင်းသားတွေနဲ့ အစိုးရတို့အကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ခဲ့ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်မှာ ပါဝင်မယ့် နိုင်ငံရေးမူဘောင်တွေ ချမှတ်နိုင်ရေးအတွက် အလွတ်သဘော အမြင်ချင်းဖလှယ်ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၆၀ ကျော်က ကိုယ်စားလှယ် ၃၄ ဦး တက်ရောက်ခဲ့ပြီးတော့ အဓိကကတော့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ ငြိမ်းချမ်းရေးအတွက် သူတို့ရဲ အမြင်တွေကို ဖလှယ်ခဲ့ ကြပါတယ်။

နိုင်ငံရေးပါတီတွေဘက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပွင့်လင်းမြင်သာမှုရှိဖို့ ၊ စစ်အရှိန်လျော့ဖို့ အောက်ခြေအထိ စောင့်ကြည်ရေးအဖွဲတွေထားဖို့ စတွေကိုပြောခဲ့ကြပြီး၊ ဒါနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေဘက်ကလည်း သူတို့အမြင်တွေကို ပြန်ပြောကြခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီတွေကပါ ငြိမ်းချမ်းရေးအတွက် အထူးလိုလားပြီး ဒီနှစ်ထဲမှာ အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ဖို့ ကို အဓီကပြောဆိုဆွေးနွေးသွားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ