e visa နဲ့ မြန်မာပြည်ကို လာနိုင်ပြီ

  • 19 ဩဂုတ် 2014
yangon_airport
Image caption ရန်ကုန် နိုင်ငံတကာ လေဆိပ်

ကမ္ဘာလှည့် ခရီးသည်တွေ အတွက် ရည်ရွယ်တဲ့ online ကနေ တဆင့် လျှောက်နိုင်ကြမယ့် e-visa စနစ်ကို မြန်မာ နိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့ ကနေ စတင် အသုံးပြုတော့ မှာ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီး ဌာန ရဲ့ အွန်လိုင်း ဝက်ဘ်ဆိုက် မှာ ရှိတဲ့ လျှောက်လွှာ ပုံစံ ဖြည့်စွက်ပြီး၊ ကျသင့်ငွေ ဒေါ်လာ ၅၀ ကို ဗီဇာ နဲ့ မာစတာလို ကဒ်မျိုးနဲ့ အွန်လိုင်း ကနေ ပေးဆောင် နိုင်မှာ ဖြစ်ပါတယ်။

ဒီလို လျှောက်ထားသူတိုင်း ကို၊ မြန်မာ အစိုးရက သတ်မှတ်ထား တဲ့ နာမည်ပျက်စာရင်း Black List ထဲ ပါမပါ ကို စစ်ဆေးပြီး၊ ၅ ရက် အတွင်း အကြောင်းပြန် မှာ ဖြစ်တယ် လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီး ဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ပြောပါတယ်။

လောလောဆယ် မှာတော့ ဒေသတွင်း အာဆီယံ နိုင်ငံတွေ အပါအဝင်၊ မြန်မာ နိုင်ငံကို လာရောက်မှု များတဲ့ နိုင်ငံပေါင်း ၄၁ နိုင်ငံ က လူတွေ ၊ လျှောက်ထား နိုင်မှာ ဖြစ်ပြီး၊ ရန်ကုန် နိုင်ငံတကာ လေဆိပ် တစ်ခုတည်း ကနေသာ၊ အခုလို e-visa နဲ့ လာရောက်သူ တွေ ဝင်လာနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ