အမျိုးသား လွှတ်တော် ကော်မတီ ပီအာ စနစ် ရွေး

  • 19 ဩဂုတ် 2014
hluttaw ဓာတ်ပုံ မူပိုင် bbc
Image caption စက် တင် ဘာ လွှတ်တော် မှာ တင်ပြဖို့ရှိ

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ရွေးကောက် ရာမှာ ကျင့်သုံးမယ့် အချိုးကျ ကိုယ်စားပြု ပီအာ စနစ်ကို အမျိုးသား လွှတ်တော် ပီအာ စနစ် အကောင်အထည် ဖော်ရေး ကော်မတီ က ဆုံးဖြတ် လိုက်ပါပြီ။

ဒီစနစ် ကို ဝ ဓနု ပအိုဝ်း ပလောင် ကိုးကန့် နာဂ စတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ တွေက လွဲ ပြီး ကျန်ဒေသတွေ မှာ ကျင့်သုံး ဖို့ ရွေးပေး လိုက်တယ် လို့ ပီအာ အကောင် အထည် ဖော်ရေး ကော်မတီ အတွင်းရေး မှူး ဦး ခင်မောင်ရီ က ရှင်းပြ ပါတယ်။

မဲဆန္ဒ နယ်မြေ တွေ အတွက် လွှတ်တော် ကိုယ်စားလှယ် လောင်း ရော ပါတီ ကိုပါ မဲရွေးနိုင်တဲ့ စနစ်ကို ရွေးချယ် လိုက်တာပါ။

ကော် မတီ က အခု ရွေးပေးလိုက်တဲ့ စနစ် ကို စက် တင် ဘာလ လွှတ်တော် အစည်းအဝေး မှာ ထပ်ပြီး တင်ပြဖို့ရှိတယ် လို့လည်း ဦး ခင်မောင်ရီ က ပြော ပါတယ်။

အဲဒီ ပီအာ စနစ် ကို အမျိုးသား လွှတ်တော် မှာ အတည်ပြု လိုက်ပြီ ဆိုရင် ပြည်ထောင်စု လွှတ်တော် ကို ဥပဒေ အဖြစ် အတည် ပြု ဖို့ တင်ပြဖို့ ရှိပါသေးတယ် ။

ဒီအဆိုကို ကန့်ကွက် ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ ချုပ် က အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ကြည်က အခြေခံ ဥပဒေ ခုံရုံးထိ ဆက်ကန့်ကွက် သွားမယ်လို့ ဆိုပါတယ်။ ပီအာ ကို ကန့်ကွက်တဲ့ လှုပ်ရှား မှု တွေ ရှိနေသလို ပီအာ ဟာ အခြေခံ ဥပဒေ နဲ့ မညီ ဘူး ဆိုပြီး ဝေဖန် မှု တွေလည်း ရှိ ပါတယ် ။

ပြည်သူ့ လွှတ်တော် မှာ လည်း ပီအာ လို့ တိုက်ရိုက် မပြောဘဲ လွှတ်တော် တွေမှာ ကျင့်သုံး ဖို့သင့်တော် တဲ့ ရွေးကောက်ပွဲ စနစ် ရွေးဖို့ ဆိုပြီး ကော်မတီဖွဲ့ တာဝန် ပေးထားတာ လည်း ရှိပါတယ် ။

အမျိုးသား လွှတ်တော် မှာ ဒီ ပီအာ စနစ် ကို ဘယ်တော့ စကျင့်သုံးမယ် ဆိုတာ ကို ပြည်ထောင်စု လွှက် တော်အဆင့်က အတည် ပြုတဲ့ အဆင့် ရောက်မလာမချင်း တိတိကျကျ ပြော လို့ရတဲ့ အခြေအနေ မရှိသေးပါဘူး ။

ဒီစနစ် အတည် ဖြစ်သွားခဲ့ ရင်တောင် ဒီနှစ်ထဲ ကျင်းပ ဖို့ ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ မှီ မှာ မဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲ မှာ စသုံးဖို့ ဖြစ်နိုင်တယ် လို့ လေ့လာသူတွေက ပြောပါ တယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ