ဘိန်းနဲ့စိတ်ကြွဆေး မြန်မာမှာ တိုးမြင့်ဆဲလို့ ကုလပြော

  • 20 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် unodc
Image caption ဓာတုဆေးတွေ မဝင်အောင် ရဲတပ်ဖွဲ့နဲ့ ပူပေါင်း ဆောင်ရွက် မှုတွေ လည်း ဆောင်ရွက်မယ်

အာရှနဲ့ အရှေ့တောင် အာရှမှာ စိတ်ကြွဆေး စျေးကွက်ဟာ အကြီးဆုံး အနေ အထားမှာ ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာ ရုံး UNODC ကနေ ကြေညာချက် တစောင် ထုတ်ပြန်လိုက် ပါတယ်။

မြန်မာ နိုင်ငံမှာလည်း စိတ်ကြွ ဆေးပြား နဲ့ ဘိန်း ထုတ်လုပ် မှုဟာ တိုးများ လာနေ ကြောင်း အဲဒီ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ UNODC ရဲ့ အစီရင် ခံစာ တခု မှာတော့ မြန်မာ နိုင်ငံမှာ ၂၀၁၃ ခုနှစ်က ဘိန်းစိုက် ပျိုးမှုဟာ ၂၀၁၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၃ ရာခိုင်းနှုန်း တောင် တိုးလာတယ် လို့ ဖေါ်ပြထား ပါတယ်။

UNODC ရဲ့ အရှေ့တောင် အာရှနဲ့ ပစိဖိတ် ကိုယ်စားလှယ် Jemery Douglas ကတော့ မြန်မာ နိုင်ငံဟာ နှစ်ပေါင်း ကြာရှည် အထီးကျန် ဘဝ ကနေ တံခါးဖွင့် တာ မကြာသေး တာကြောင့် ကုလသမဂ္ဂ ရဲ့ စီမံကိန်း တွေဟာ အရမ်း နည်းပါးနေ သေးတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသတွေ မှာက မိသားစု သောင်းနဲ့ ချီပြီး ဒီဘိန်းကို စိုက်ပျိုးနေကြတာ ဖြစ်ကြောင်း၊ အဲဒီသူတွေ အတွက် အစားထိုး သီးနှံတွေ ဆောင်ရွက် ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း Jemery Douglas က ပြောပါတယ်။

မြန်မာ အစိုးရ ကတော့ ပူးပေါင်း ဆောင်ရွက် မှုတွေ အများကြီး လုပ်လာ နေပြီ လို့တော့ သူက ပြောပါတယ်။

နိုင်ငံ တကာ ကနေလည်း မြန်မာ နိုင်ငံမှာ လာရောက် ဆောက်ရွက် တာဟာ အခုမှာ အစပဲ ရှိနေ သေးလို့ အခြေ အနေ ကတော့ စိန်ခေါ် မှုတွေ အများကြီး ရှိနေ သေးတယ် လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာ အစိုးရနဲ့ သဘောတူ ထားတဲ့ ရှေ့ဆက် ဆောက်ရွက် မယ့် ကိစ္စရပ်တွေ ကတော့ ဘိန်း အစားထိုး စိုက်ပျိုးရေး ဆောင်ရွက်ဖို့၊ ဒီအတွက် ဘဏ္ဍာရေး ကိစ္စတွေ အရေးပေး ဆောင်ရွက် ရေးနဲ့ ဓာတုဆေးတွေ မဝင်အောင် ရဲတပ်ဖွဲ့နဲ့ ပူပေါင်း ဆောင်ရွက် မှုတွေ လုပ်ရေး တို့ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ မူယစ်ဆေးဝါး သုံးစွဲ နေသူတွေကို ထိရောက်တဲ့ ကုသမှုတွေ ပေးဖို့ရှိ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ