ရွှေတိဂုံမှာ စက်ထုတ်ရွှေဆိုင်း တင်ဒါရ

  • 23 ဩဂုတ် 2014
shwedagon_pagoda
Image caption ရွှေတိဂုံစေတီတော်

ရွှေတိဂုံ စေတီတော်ကြီး အတွက် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်ဖို့၊ ရွှေဆိုင်းတင်ဒါ ခေါ်ယူရာမှာ အစဉ်အဆက် သုံးစွဲနေကျ ရိုးရာ လက်မှုလုပ်ငန်း ထွက် ရွှေဆိုင်းတွေ အစား၊ စက်နဲ့လုပ်တဲ့ ရွှေဆိုင်းတွေ က အဖိုးနှုန်း ချိုချိုနဲ့ တင်ဒါ အောင်သွားကြောင်း သိရပါတယ်။

ဒါပေမယ့်၊ တင်ဒါအောင် တဲ့ စက်ရွှေဆိုင်းတွေ ကို ရွှေချရာမှာ အခက်အခဲ ရှိတဲ့ အတွက်၊ မန္တလေး မျက်ပါးရပ် ရိုးရာ လက်လုပ် ရွှေဆိုင်း ပညာရှင်တွေက ပဲ၊ ရွှေပြားကို ခံတဲ့ စက္ကူတွေ ပြန်ပြောင်း ပေးနေရတယ် လို့၊ မျက်ပါးရပ် လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

ရွှေတိဂုံ ဂေါပကတွေက စပြီး၊ စက်လုပ်ရွှေတွေ ကို တင်ဒါ အအောင် ပေးလိုက်တဲ့ အပေါ်မှာလည်း၊ အနှစ်ရာချီ ထိန်းသိမ်း လာခဲ့တဲ့ ရိုးရာ လက်မှု လုပ်ငန်းလည်း ဖြစ်၊ လူ တစ်သိန်းကျော် ကို အလုပ်အကိုင် ပေးထားရာ လုပ်ငန်းလည်း ဖြစ်တဲ့၊ မြန့်မာ့ ရွှေပြားခတ် ရွှေဆိုင်း လုပ်ငန်းတွေ ဟာ နောက်ပိုင်းမှာ တိမ်ကော လာမယ့်အရေး ကို စိုးရိမ် နေကြသူတွေ ရှိပါတယ်။

စက်လုပ် ရွှေဆိုင်းတွေ ဟာ နိုင်ငံခြားက တင်သွားတာ လို့ ယူဆ နေကြပေမယ့်၊ ရွှေတိဂုံ ဂေါပကရုံး က တာဝန် ရှိသူ တစ်ဦးကတော့၊ တင်ဒါအောင် တဲ့ ကုမ္မဏီဟာ ပြည်တွင်း မြန်မာ ကုမ္မဏီပဲ ဖြစ်ပြီး၊ စက်ရွှေဆိုင်းတွေ ဟာ ထိုင်းနိုင်ငံက တင်သွင်းတာ ဟုတ်မဟုတ် အထောက်အထား မရှိဘူး လို့ ဆိုပါတယ်။

တင်ဒါ ခေါ်ရာမှာ စျေးအနည်းဆုံး နဲ့ ပေးနိုင်သူကို အအောင် ပေးရတာ ဖြစ်တယ် လို့ ဂေါပက တာဝန်ရှိသူက ဆိုသလို၊ မျက်ပါးရပ်က လုပ်ငန်းရှင်တွေ ကတော့ အရည်အသွေးကို အဓိက ထားတာအပြင်၊ ကာယအား အများအပြား သုံးထား ရတာကြောင့် စက်မှုထုတ် ရွှေဆိုင်း နဲ့ အပြိုင် ဈေးတော့ လိုက်မချနိုင်ဘူး လို့ ဆိုကြပါတယ်။

ရွှေတိဂုံမှာ လက်ရှိ တင်ဒါအောင်ထား တဲ့ အရွက် ၁၀ဝပါ ရွှေဆိုင်းတဆိုင်း က နှစ်သောင်း ကိုးထောင့် ငါးရာဖြစ်ပြီး၊ မျက်ပါးရပ်က ရွှေဆိုင်းတွေက တော့ သုံးသောင်း နှစ်ထောင် အနည်းဆုံးရမှ ရောင်းနိုင်ပါတယ်။

တခါ၊ တင်ဒါအောင် တဲ့ စက်ရွှေဆိုင်းတွေ ကို ရွှေချရာမှာ အခက်အခဲ ရှိတဲ့ အတွက်၊ မန္တလေး မျက်ပါးရပ် ရိုးရာ လက်လုပ် ရွှေဆိုင်း ပညာရှင်တွေက ပဲ၊ ရွှေပြားကို ခံတဲ့ စက္ကူတွေ ပြန်ပြောင်း ပေးနေရတယ် လို့၊ မျက်ပါးရပ် လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ