အောင်ပွဲခံ မြန်မာအသင်းကို သောင်းသောင်းဖြဖြ ကြို

  • 24 ဩဂုတ် 2014
Image caption မြန်မာ ယူ-၁၉ လက်ရွေးစင် ဘောလုံး အသင်း ဟာ ရန်ကုန် မြို့ကို လှည့်လည် အောင်ပွဲ ခံ

၂၀၁၄ ဘရူနိုင်း ဘုရင့် ဖလား ချန်ပီယံ မြန်မာ ယူ-၁၉ လက်ရွေးစင် ဘောလုံး အသင်း ရန်ကုန် ကို ပြန် အရောက် မှာတော့ သူတို့ ကိုထောင်နဲ့ ချီတဲ့ ပရိသတ် တွေက ကြိုဆိုခဲ့ ကြပါတယ်။

မြန်မာ ယူ-၁၉ လက်ရွေးစင် ဘောလုံး အသင်းဟာ ရန်ကုန် မြို့ ကို လှည့်ပတ်ပြီးလည်း အောင်ပွဲ ခံ ခဲ့ ကြပါတယ်။

ဂျာမန် နည်းပြ နဲ့ တစ်နှစ်ကျော် လောက် လေ့ကျင့် ထားခဲ့တဲ့ အသက် ၁၉ နှစ် အောက် ဒီအသင်းကို ဂျာမနီမှာ တစ်လ လောက် စခန်းသွင်း လေ့ကျင့် ခဲ့ တာပါ။

ဒီပြိုင် ပွဲမှာတော့ ကစားခဲ့ရတဲ့ ပွဲ အားလုံးမှာ အနိုင် ရပြီး ခြေစွမ်း ပြနိုင်ခဲ့ ပါတယ်။

လာမယ့် အောက်တိုဘာ လမှာတော့ မြန်မာ နိုင်ငံ ရန်ကုန် မြို့ နဲ့ နေပြည်တော် မှာ အသက် ၁၉ နှစ် အောက် အာရှ ဖလား အုပ်စု ပွဲတွေ ကျင်းပဖို့ ရှိနေပါတယ်။

ဒီအတွက် ပရိသတ် တွေက အသက် ၁၉ နှစ် အောက် ဒီ အသင်း အနေနဲ့ အရှေ့တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲ မှာ အောင်မြင် နိုင်မယ်လို့ မျှော်လင့် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ