မုံရွာကျောင်းသားတွေ ဆန္ဒပြ ချီတက်ခဲ့

  • 24 ဩဂုတ် 2014
_national_education_law_protest_monywar_
Image caption မုံရွာ ကျောင်းသား ဆန္ဒပြပွဲ

မုံရွာမြို့ပေါ် တက္ကသိုလ်တွေက ကျောင်းသူ ကျောင်းသားတွေ စုပေါင်းပြီး၊ ဩဂုတ်လ ၂၄ ရက်နေ့မှာ၊ အမျိုးသား ပညာရေး ဥပဒေ မူကြမ်းကို ကန့်ကွက်တဲ့ ဆန္ဒပြ စီတန်း လှည့်လည်မှု၊ မုံရွာမြို့ ပေါ်မှာ ပြုလုပ် ခဲ့ကြပါ တယ်။

ပညာရေး ဥပဒေ မူကြမ်းကို အစိုးရ နဲ့ လွှတ်တော်က ရေးဆွဲ နေတာမှာ၊ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ပါဝင် ပတ်သက် နိုင်ခွင့် ရှိဖို့နဲ့၊ ကျောင်းသားထု အခွင့် အရေးတွေ ကို တောင်းဆိုခဲ့ တာ ဖြစ်တယ် လို့ ဒေသခံ သတင်းထောက် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဗကသ ကျောင်းသူ ကျောင်းသားတွေ အပါအဝင်၊ တက္ကသိုလ် ကျောင်းသား အသင်းအဖွဲ့တွေ စုစည်းထားတဲ့ ကွန်ယက်က ကျောင်းသူ ကျောင်းသား အင်းအားစုတွေ၊ အခု ဆန္ဒပြပွဲမှာ အင်အား ၁၀၀ ဝန်းကျင် ပါဝင်ခဲ့ပြီး၊ ပညာရေး ဥပဒေကြမ်း အလိုမရှိ ကြွေးကြော်သံတွေ ပိုစတာတွေ ကိုင်စွဲ လှည့်လည်ခဲ့တယ် လို့ သိရပါတယ်။

အခုလို စီတန်း လှည့်လည်မှု ကို အာဏာပိုင် တွေ ဘက်က စောင့်ကြည့် မှတ်တမ်း တင်တာ တွေ ရှိပေမယ့်၊ တားဆီးမှု မလုပ်ခဲ့ပဲ၊ ဆန္ဒပြပွဲဟာ ညနေ ၄နာရီခွဲ ဝန်းကျင် မှာ လူစု ကွဲသွားခဲ့တယ် လို့ မြို့ခံ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ