အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး စတင်

  • 25 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် president office
Image caption အာဆီယံ ကုန်သွယ်ဘက် နိုင်ငံတွေနဲ့လည်း သဘောတူ ညီချက်တွေ ရနိုင်ဖို့ ရှိ

(၄၆)ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီး များ အစည်း အဝေး နဲ့ ဆက်စပ် အစည်း အဝေးတွေကို နေပြည်တော် မှာ တနင်္လာနေ့ မနက် ၉ နာရီက စတင် ဖွင့်လှစ် ခဲ့ပြီ ဖြစ်ပါ တယ်။

အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် ကနေ မိန့်ခွန်း ပြောကြား ရာမှာ အာဆီယံ စီးပွားရေး အသိုင်း အဝန်း Asean Economic Community AEC ပေါ်ထွန်း လာရေး စီမံ ထားတဲ့ အတိုင်း စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောက်ရွက် မှုတွေ အတွက် ကြိုးပမ်း အားထုတ် ကြဖို့၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံ တွေကို တိုက်တွန်း သွားပါတယ်။

ဒီအတွက် ဒေသ တွင်းမှာ လွတ်လပ်တဲ့ ကုန်စည် ကူးသန်းမှု၊ ရင်းနှီး မြှုပ်နှံမှု၊ ကျွမ်းကျင် လုပ်သားတွေ ကူးလူး သွားလာဖို့ စတဲ့ အချက် တွေကို တွန်းအားပေး လုပ်ဆောင်ဖို့ ကိုလည်း သမ္မတက တိုက်တွန်း သွားပါတယ်။

၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက် အဝန်း အကောင် အထည် ဖေါ်နိုင်ဖို့ ၈၂ ဒဿမ ၁ ရာခိုင်နှုန်း ပြီးစီး နေပြီ လို့လည်း ဆိုပါတယ်။

မြန်မာတိုင်းမ် သတင်းစာရဲ့ အယ်ဒီတာ ဒါရိုက်တာ ဦးသီဟစော ကတော့ မြန်မာ နိုင်ငံ အနေနဲ့ ဒီစီးပွားရေး အသိုက် အဝန်း ထဲဝင်ဖို့ အရေး အဆင်သင့် ဖြစ်နေ တာတွေနဲ့ အတူ အဆင်သင့် မဖြစ် သေးတာ တွေလည်း ရှိနေ သေးတယ်လို့ ပြောပါတယ်။

အာဆီယံ စီးပွားရေး အသိုက် အဝန်း ထဲဝင်ဖို့ အတွက် မြန်မာ နိုင်ငံ အနေနဲ့ အကောင်းနဲ့ အဆိုး ၂ ခု စလုံး အတွက် ပြင်ဆင် ထားဖို့ လိုအပ် တယ်လို့လည်း ဦးသီဟစော က ပြောပါတယ်။

အာဆီယံ ဥက္ကဌ အဖြစ် မြန်မာက တာဝန် ယူတဲ့ အချိန်မှာ ကျင်းပတဲ့ ဒီအစည်း အဝေးမှာ၊ အာဆီယံ ကုန်သွယ်ဘက် တရုတ် အိန္ဒိယ ဂျပန် တောင်ကိုရီးယား စတဲ့ နိုင်ငံတွေ နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူ ညီချက်တွေကိုလည်း လက်မှတ် ရေးထိုး ကြလိမ့်လို့လည်း ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ