စာပေပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့

  • 25 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် b

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံက နာမည်ကြီးစာရေးဆရာ ပန်းချီဆရာ ကဗျာဆရာတွေ အပါအဝင် စာပေ အနုပညာရှင်တရာ နီးပါးခန့်နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြသနာတွေကို ဖြေရှင်းရာမှာ ကူညီကြဖို့ ပါဝင်ကြဖို့ စာပေပညာရှင်တွေကိုဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

နောက်တခါ မြန်မာနိုင်ငံကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ဘာတွေ လုပ်သင့်သလဲဆိုတဲ့ စာပေပညာရှင်တွေရဲ့ အမြင်ကိုလည်း သိလိုတယ်လို့ ပြောခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ တွေ့ဆုံပွဲကို မင်းယုဝေ၊ ဆရာဝင်းဖေ၊ မောင်လင်းယုန် (ရှမ်းပြည်)၊ တက္ကသိုလ်စိန်တင် ဆရာထက်မြက်တို့လို စာရေးဆရာကြီးတွေ အပြင် သစ္စာနီ၊ မောင်သွေးသစ်၊ တို့လို ကဗျာဆရာတွေ ၊ အော်ပီကျယ်၊ မြေဇာ၊ တို့လိုကာတွန်းဆရာတွေ ပန်းချီ၊ ဓာတ်ပုံ စတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

စာပေအနုပညာရှင်တွေဘက်ကလည်း ဖိနှိပ်မှုတွေ ခံနေရတဲ့ စာပေ နဲ အနူပညာရှင်တွေဘက်က အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ရပ်တည်ကာကွယ်ပေးဖို့ ပြန်လည် တင်ပြခဲ့ပါတယ်။ စာပေ ပညာရှင်တွေဘက်က တောင်းဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ကတိမပေးပေမဲ့ အလေးအနက်ထားပေးပါမယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။