ဆေးရုံကြီး အခမဲ့ ဝန်ဆောင်မှု တိုးမြှင့်

_yangon_hospital_ ဓာတ်ပုံ မူပိုင် myanmar health ministry
Image caption ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး

ရန်ကုန် ဆေးရုံကြီး မှာ အရေးပေါ် လူနာတွေ နဲ့ အတွင်းလူနာတွေ အတွက် အတော် တော် များများ အထောက်အပံ့ တွေ ရတော့မှာ ဖြစ်တယ် ဆိုပြီး ကျန်းမာရေး ဝန်ကြီး ဌာန က ဒီနေ့ ဩဂုတ်လ ၂၈ ရက်နေ့ မှာ ထုတ် ပြန် လိုက်ပါ တယ်။

အရင်က ဆေးရုံမှာ ပြင်ပလူနာ အဖြစ် လာပြ ရင်၊ တစ်အုပ် ကို နှစ်ရာပေး ဝယ်ရတဲ့ လူနာ ဆေးမှတ်တမ်း စာအုပ် ဖိုးကို စက်တင်ဘာ ၁ရက် နေ့က စပြီး အခမဲ့ ရမှာ ဖြစ်သလို ၊ အရေးပေါ် လူနာတွေ အတွက် ဆေးဖိုးဝါးခ အပါအဝင် အခြေခံ ဓာတ်ခွဲ စစ်ဆေးမှု တွေနဲ့ ECG ၊ Ultrasound ၊ CT X- ray ဓာတ်မှန် ရိုက်ကူးမှုတွေ အတွက်ပါ အခကြေးငွေ တောင်းခံတော့မှာ မဟုတ်တဲ့ အကြောင်း ရန်ကုန်ဆေးရုံ အုပ်ကြီး ဒေါက်တာ လှမြင့် က ပြောပါ တယ်။

ဒါ့အပြင်၊ အရင်ကဆို အတွင်း လူနာတွေ ခွဲခန်းဝင်ရင် ဆေးဖိုး၊ ခွဲခန်းဖိုး၊ သွေးအိပ်ဖိုး၊ ခွဲခန်း အဝတ်စားဖိုး လက်အိတ်ဖိုးတွေက အစ ပေးရပေမယ့် အခု အခါ အထောက်ပံ့ ရတော့မယ် လို့ သိရပါတယ်။

ရန်ကုန် ဆေးရုံကြီး ဟာ မနှစ်က သိန်းပေါင်း ၂သောင်း ကျော် ဘက်ဂျက် ရခဲ့ သလို ဒီနှစ်မှာ သိန်းပေါင်း ၄သောင်း နီးပါး အထိ တိုးမြှင့် ရတဲ့ အတွက် အခုလို တာဝန်ယူ မှုတွေ တိုးမြှင့် လာနိုင်တာ ဖြစ်ပါတယ်။

ဘယ်လို အခမဲ့ ဓာတ်ခွဲ စမ်းသပ်မှု တွေ ပြုလုပ်နိုင်လဲ ဆိုတဲ့ အသိပေး စာတမ်းတွေ အရေးပေါ် ဌာနမှာ ချိတ်ဆွဲ ထားမှာ ဖြစ်သလို၊ အတွင်း လူနာဆောင် တွေ မှာလည်း ဆေးရုံကြီး အနေနဲ့ ပံ့ပိုးတဲ့ ဆေးဝါးတွေ လူနာတွေထံ တကယ်တမ်း ရောက်ရှိ နိုင်ဖို့ မှတ်တမ်း အတိအကျ ထားရှိ ကြပ်မတ်မယ့် အကြောင်း ဆေးရုံ အုပ်ကြီး ဒေါက်တာ လှမြင့် က ဆိုပါ တယ်။

ဝန်ထမ်း အင်အား တစ်ထောင့်ခုနှစ်ရာ နဲ့ လည်ပတ်နေတဲ့ ကုတင် ၁၅၀ဝ ဆံ့ ရန်ကုန် ဆေးရုံကြီး ကို ဝန်ထမ်း သုံးထောင်အထိ တိုး မြင့် ဖို့ စီစဉ်နေတယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ