အရက်ပြဿနာ ထိန်းဖို့ အခွန် တိုးကောက်မလား

  • 30 ဩဂုတ် 2014
whiskey_liquor_rum_alcohol_ ဓာတ်ပုံ မူပိုင် THINKSTOCK
Image caption အရက်ယမကာဘေး ကာကွယ်ရေး

နေပြည်တော် မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲ အရက် ယမကာ သောက်သုံးမှု ဘေးအန္တရာယ် နဲ့ ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ကျန်းမာရေးဝန်ကြီး ဌာနနဲ့ ပြည်သူ့ ကျန်းမာရေး ဖေါင်ဒေးရှင်း တို့ ပူးတွဲပြီး ကျင်းပခဲ့တာ မှာ ရောင်းချမှု နဲ့ သုံးစွဲမှု ၂ ခုလုံး အပေါ် ထိန်းချူပ် ကန့်သတ်နိုင်ရေး နဲ့ စပ်လျှင်းပြီး မူဝါဒ ရေးဆွဲ နိုင်ဖို့ ဆွေးနွေး ခဲ့ကြပါ တယ်။

မြန်မာနိုင်ငံ မှာ အရက် ထုတ်လုပ် ရောင်းချခြင်း တွေ အပေါ် အခွန် တိုးမြှင့် ကောက်ခံ ပြီး အရက်စျေးနှုန်း ကို မြင့်မားအောင် စီမံ ခြင်းမျိုး နဲ့ ဖောဖောသီသီ ဝယ်ယူနိုင်မှု ကို ကန့်သတ်နိုင် တဲ့ နည်းလမ်း အကြောင်းလည်း ဆွေးနွေးဖြစ်တယ် လို့ ပြည်သူ့ ကျန်းမာရေး ဖေါင်ဒေးရှင်း ရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ သိန်းဆွေ က ပြောပါတယ်။

မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေ မှာ အရက်ကို စျေးနှုန်း သက်သက်သာသာ နဲ့ အလွယ်တကူ ၀ယ်ယူ ရရှိနေတာ မျိုး ဖြစ်နေတယ် လို့လည်း ဒေါက်တာ သိန်းဆွေ က သုံးသပ်ပါတယ်။

၁၉၁၇ ယစ်မျိုး ဥပဒေ အရ အသက် ၁၈ နှစ် အောက် လူငယ်တွေ ကို အရက် ရောင်းချခြင်း မပြုလုပ်ရ ဆိုပြီး ကန့်သတ် ထား ပေမယ့်၊ လိုက်နာ ဆောင်ရွက်ဖို့ လိုကြောင်း ဒေါက်တာ သိန်းဆွေ က ထောက်ပြပါတယ်။

မြန်မာ နိုင်ငံမှာ ၁၈ နှစ်အောက် အရွယ်ကနေ စတင် အရက် သောက်သုံးတာ ကို လေ့လာ တွေ့ရှိရ တဲ့ စစ်တမ်း ရှိပြီး၊ အရက် အတုတွေ သောက်သုံးမှု ကြောင့် သေဆုံးရတာ၊ အသည်းကင်ဆာ လို နောက်ဆက်တွဲ ရောဂါတွေ ခံစားရတဲ့ ကျန်းမာရေး ပြဿနာ တွေ ရှိနေကြောင်း လည်း ဒေါက်တာ သိန်းဆွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ