ငြိမ်းချမ်းရေးအတွက် စာပေပွဲတော် စီစဉ်နေ

  • 30 ဩဂုတ် 2014
nobel_peace_prize ဓာတ်ပုံ မူပိုင် nobel foundation
Image caption ငြိမ်းချမ်းရေး နိုဘယ် ဆုတံဆိပ်

နိုင်ငံတကာက စာပေ နဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တွေကို မြန်မာနိုင်ငံ ကို ဖိတ်ခေါ်ပြီး Literature for Peace ငြိမ်းချမ်းရေး အတွက် စာပေ ဆိုတဲ့ အကြောင်းအရာ အာဘော် အပေါ် မူတည်ပြီး စာပေပွဲတော် တစ်ရပ် ၂၀၁၅ နှစ်ဆန်း ပိုင်းလောက် မှာ ကျင်းပ သွားနိုင် ဖို့၊ ပြည်တွင်း က စာရေးဆရာ နဲ့ စာနယ်ဇင်း သမား အသိုင်းအဝိုင်း က ကြိုးစား နေကြပါ တယ်။

အာရှတိုက် ဒေသတွင်း အပါအဝင် ထင်ရှားတဲ့ နိုင်ငံတကာ က စာပေနဲ့ ငြိမ်းချမ်းရေး ဆုရှင် တွေ ကို ခေါ်ယူနိုင် ဖို့ ပြင်ဆင်ထား ကြောင်း ဒီပွဲတော် ဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက် သူတွေထဲ မှာ ပါဝင်တဲ့ စာရေးဆရာ ဦးဖေမြင့် က ပြောပါတယ်။

ငြိမ်းချမ်းရေး အတွက် စာပေ ပွဲတော် ကျင်းပ သွားမယ့် ကာလ အပိုင်းအခြား ကို လောလောဆယ် မှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်ကနေ ၁၉ ရက်ထိ လို့ သတ်မှတ် ထားသလို၊ အမျိုးသား ကဇာတ်ရုံ မှာ ဟောပြောပွဲ ဆွေးနွေးပွဲတွေ ကျင်းပ နိုင်ဖို့ လျာထားတဲ့ အကြောင်း ဦးဖေမြင့် က ပြောပါတယ်။

ဒီလို ဟောပြောပွဲတွေ ကို လူတိုင်း အခမဲ့ လာရောက် ပါဝင် နိုင်ပြီး၊ စာအုပ် စျေးပွဲတော် တစ်ခုပါ ပူးတွဲ ကျင်းပ ဖို့ ရည်ရွယ် ထားကြောင်း လည်း သိရပါတယ်။

ဖိတ်ခေါ်မယ့် နိုင်ငံတကာ နိုဘယ်ဆုရှင် တွေ နဲ့ ဘယ်သူတွေ လာရောက် နိုင်မယ် ဆိုတာ အတည်ပြု နိုင်ဖို့ စောနေသေးတယ် လို့ ဦးဖေမြင့် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ