ရန်ကုန်မြို့သစ် စီမံကိန်း တင်ဒါ ပြန်ခေါ်

  • 30 ဩဂုတ် 2014
_bbc_304x171_bbc
Image caption မြို့သစ် စီမံကိန်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က၊ ရန်ကုန်မြို့သစ် စီမံကိန်း ကို အကောင်အထည် ဖေါ်ဖို့ ရှိရာမှာ ၊ဒေါ်လာ ၁၅ ဘီလီယံတန်တင်ဒါ ကို ကုမ္ပဏီ တခု ကို ချပေး လိုက်ပါတယ်။ ဒါပေမဲ့ မီဒီယာ မှာ ဝေဖန်မှု တွေ ရှိလာတဲ့ အတွက် တခြား တင်ဒါတွေ ပါ၊ လပိုင်း အတွင်းခေါ်ယူမယ် လို့ ကြေညာပါတယ်။

ဒီလို အများနဲ့ သက်ဆိုင်တဲ့ စီမံကိန်း ကို ရုတ်တရက် ချပြ လိုက်လို့၊ ပွင့်လင်း မြင်သာမှု မရှိဘူး ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်လာခဲ့ပါတယ်။ ဒါကြောင့်မို့၊ မူလ အစီအစဉ် မှ တခြား ပုဂ္ဂလိက မြို့ပြ ဖွံ့ဖြိုးရေး ဆောက်လုပ်ရေး လုပ်ငန်း တွေ ကိုပါ တင်ဒါ ခေါ်ယူမယ် ဆိုတဲ့ သတင်း ထုတ်ပြန်ချက် ထွက်လာ လို့ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့၊ စီမံကိန်း နဲ့ စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းမြင့် က မကြာမီ လပိုင်း၊ အတွင်းမှာ ပွင့်လင်းမြင်သာတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း အတွက် ပုဂ္ဂလိက တင်ဒါ တွေ ခေါ်ယူမယ့် အကြောင်း၊ အခု တင်ဒါ လက်ခံ ထားတဲ့ မြန်မာ့စေတနာ ကုမ္ပဏီ အနေနဲ့ လည်း၊ ယှဉ်ပြိုင် လျှောက်ထားနိုင်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အဆိုပါ တင်ဒါ လျှောက်ထားသူတွေ ထဲ က အကောင်းဆုံး ရင်းနှီးမြှုပ်နှံ နိုင်သူ ကို ရွေးချယ် မယ့် အကြောင်း လည်းရှင်းပြပါတယ်။ လွှတ်တော်မှာ မြန်မာ့စေတနာ ကုမ္ပဏီ တင်ဒါ ကို ချပြလိုက်တဲ့ နောက်ပိုင်းမှာ အခုလို၊ မီဒီယာ မှ ဝေဖန်သံတွေ ကြောင့်၊ အစီအစဉ် ပြောင်းလဲ လိုက်တဲ့ အကြောင်း၊ အဆိုပါ တင်ဒါ ကို လက်ခံ ရာ မှာလည်း၊ မည်သည့် တစုံတယောက် ရဲ့ ဆုံးဖြတ်ချက် ရယ် လို့ မရှိခဲ့ဘဲ၊ conceptual plan တင်သွင်းခဲ့ရာမှာ အကောင်းဆုံး လုပ်ဆောင်ချက်တွေ နဲ့ အကောင်အထည် ဖေါ် မယ့် အချက်တွေ ရေးဆွဲ ဖေါ်ပြခဲ့ပုံ လည်း စီမံကိန်း နဲ့ စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းမြင့် က ရှင်းပြပါတယ်။