စိတ်ကြွဆေး ရောင်းဝယ်သူ လုပ်ငန်းရှင်တစ်ဦး ဖမ်းမိ

ဓာတ်ပုံ မူပိုင် natural force
Image caption ဖမ်းမိတဲ့လုပ် ငန်းရှင်ရဲ့ ကုမ္ပဏီ နာမည် ကတော့ Natural Force ဖြစ်ပါတယ်

ရန်ကုန် မြို့မှာ ကုမ္ပဏီ ထောင်ပြီး တခြား လုပ်ငန်းတွေ ဗန်းပြကာ စိတ်ကြွ ဆေးပြား အရောင်း အဝယ် လုပ်နေတဲ့ အမျိုး သမီး လုပ်ငန်းရှင် တစ်ဦးရဲ့ အိမ်မှာ သိန်းနဲ့ ချီတဲ့ ဆေးပြားတွေ အပြင် လက်နက် တွေ ကိုပါ ဖမ်းဆီး မိခဲ့ ပါတယ်။

ရန်ကုန် အနောက်ပိုင်း ခရိုင် မူးယစ် ရဲတပ်ဖွဲ့က ပြီး ခဲ့တဲ့ ရက်ပိုင်းက တွေ့ရှိ ဖမ်းဆီးခဲ့ တာဖြစ်ပြီး၊ ဖမ်းမိတဲ့ လုပ်ငန်း ရှင်ရဲ့ ကုမ္ပဏီ နာမည် ကတော့ Natural Force ဖြစ်ပါတယ်။

စိတ်ကြွ ဆေးပြား နှစ်သိန်း နဲ့ အတူ ပစ္စတို နှစ်လက် ပါ ရဲက ဖမ်းမိ ခဲ့ကာ အခုတော့ အဲဒီ အမျိုး သမီး နဲ့ ဆက်စပ် တဲ့လုပ် ငန်းတွေ ကိုလည်း စုံစမ်း စစ်ဆေး မှုတွေ လုပ် နေပြီ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက် ညနေက ၊ တာမွေ ဗညား ဒလ လမ်းပေါ်မှာ ကား တစ်စီး နဲ့ စိတ်ကြွ ဆေးပြား တစ်သိန်း သယ်လာသူ အမျိုးသား နှစ်ဦးကို မူးယစ် ရဲတပ် ဖွဲ့ အရာရှိ တွေက ဖမ်းဆီး ခဲ့ရာ၊ ၎င်းတို့ ရဲ့ လုပ်ငန်းရှင် အိမ်ကိုပါ ဝင်ရောက် ရှာဖွေ ခဲ့ရာ ကနေ အခုလို ဖမ်းမိ တာပါ။

စီးပွါးရေး နဲ့ ကူးသန်း ရောင်းဝယ် ရေးဝန်ကြီး ဌာနရဲ့ အင်တာနက် စာမျက်နှာ မှာတော့ အဲဒီကုမ္ပဏီဟာ ဂျိုးဖြူလမ်း မင်္ဂလာ တောင်ညွန့်မှာ တည်ရှိတဲ့ ကွန်ဒို မှာ ရုံးခန်း ဖွင့်လှစ် ထားပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းတွေ လုပ်တဲ့ ကုမ္ပဏီ စာရင်းမှာ ဖော်ပြထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ