တောင်းပန်မှ သရဖူ အပ်မယ်လို့ မေမြတ်နိုး ဆို

  • 2 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ပြီးခဲ့တဲ့ အပတ်က အလှမယ် အဖြစ် ပြန်ရုပ်သိမ်းခံရသူ မေမြတ်နိုး

မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာ အလှမယ် ဖြစ်တဲ့ မေမြတ်နိုးက သူမကို လိမ်ညာသူ၊ သရဖူယူပြီး ထွက်ပြေးသူ လို့ ခေါ်ဝေါ် ခဲ့မှုတွေ အတွက် ပြိုင်ပွဲ ကျင်းပရေး အဖွဲ့က တောင်းပန်ဖို့နဲ့ အဲဒီလို တောင်းပန်မှသာ သူမရဲ့ သရဖူကို ပြန်အပ်မယ်လို့ ပြောလိုက်ပါတယ်။

မေမြတ်နိုးဟာ Miss Asia Pacific World အာရှ ပစိဖိတ် အလှမယ် အဖြစ်ကနေ ပြီးခဲ့တဲ့ တစ်ပတ်က ပြန်လည် ရုပ်သိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မေမြတ်နိုးကတော့ သူမ အနေနဲ့ ဘာမှ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ပြောပြီး အသက် လိမ်ညာပြောဖို့ သူမက ဖိအားပေး ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကို plastic surgery နည်းနဲ့ ခွဲစိပ် ပြုပြင်ဖို့လည်း ပြိင်ပွဲ စီစဉ်သူတွေက ဖိအားပေးခဲ့ကြတာ ဖြစ်တယ်လို့ မေမြတ်နိုးက ပြောပါတယ်။

Miss Asia Pacific World ပြိုင်ပွဲ စီစဉ်သူတွေကတော့ မေမြတ်နိုးဟာ ဒေါ်လာ တစ်သိန်း တန်တဲ့ သရဖူကို ရယူထားပြီး ဒေါ်လာ တစ်သောင်း ကုန်ကျတဲ့ ရင်သား ပြုပြင် ခွဲစိတ်မှုကိုလည်း ရယူခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ