ပအိုဝ်းနဲ့ ရှမ်းတောင်ပိုင်း အဖွဲ့ တိုက်ပွဲဖြစ်

  • 3 စက်တင်ဘာ 2014
ssa ဓာတ်ပုံ မူပိုင် AP
Image caption RCSS/SSA နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့

ရှမ်းပြည်နယ် အတွင်း က (PNLO ) ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ နဲ့ RCSS/ SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ တို့ ဗုဒ္ဓဟူးနေ့ မနက် က တိုက်ပွဲ ပြင်းထန် ပြီး ထိခိုက် ဒဏ်ရာ ရသူ တွေ ရှိပါတယ်။

ရှမ်းပြည်နယ်၊ မောက်မယ်ဒေသ ၊ ကဒူးကြီးမှာ ၃ နာရီ ကျော် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ရှိတယ်လို့ PNLO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောပါတယ် ။

နယ်မြေ အငြင်းပွားမှု ကနေ တိုက်ပွဲ ဖြစ်တာ မှန်ကန်ကြောင်း RCSS/SSA အဖွဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ် ။

နှစ်ဘက်လုံး အပစ်အခတ် ရပ်ထားဖို့ နဲ့ ဆွေးနွေး အဖြေရှာဖို့ အတွက် အစိုးရ ငြိမ်းချမ်းရေး စင်တာက SSA တောင်ပိုင်းကို အကြောင်း ကြားထားပြီလို့ နှစ်ဘက်လုံး က အတည်ပြု ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ