မလေးရှားဦးဆောင်တဲ့ အိုအိုင်စီ အဖွဲ့ စစ်တွေရောက်

  • 4 စက်တင်ဘာ 2014
_bbc_304x171_bbc
Image caption အိုအိုင်စီ ကို ဆန္ဒပြ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Tan Sri Syed Hamid Albar ဦးဆောင်တဲ့ အစ္စလာမ်မစ် နိုင်ငံ များ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ OIC ရဲ့ ကိုယ်စားလှယ် အဖွဲ့ ဟာ မနေ့ က စစ်တွေမြို့ ကို ရောက်ရှိ လာခဲ့ ပါတယ်။

စစ်တွေမြို့ကို ရောက်ရှိ တဲ့ အခါမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်နဲ့ မွတ်ဆလင် လူမူအသိုင်းအဝိုင်း နှစ်ဘက်လုံး ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ တွေ့ဆုံတဲ့ အခါ လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးဖို့ ကမ်းလှမ်းခဲ့တယ် လို့ အစည်းအဝေးကို ကိုယ်တိုင် တက်ရောက် ခဲ့သူ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက OIC က သူတို့ အဖွဲ့ အကူအညီ ပေးနိုင်ရေး ကို လာရောက် စနည်းနာ ပုံ ရကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အခုလို လတ်တလော လူသားချင်း အကူအညီပေးရေးအတွက် ကမ်းလှမ်းမူတွေ ရှိခဲ့ပေမယ့် အစိုးရက တဆင့်သာ ဆောင်ရွက်ဖို့ ရခိုင် လူမူအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ က တင်ပြ ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲကို ကိုယ်တိုင် ရောက်ခဲ့သူ စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့် က လည်း မလေးရှား က ဧည့်သည် ဆိုလို့ လက်ခံ တွေ့တဲ့ အကြောင်း၊ OIC ဆိုရင် ငြင်းပယ် မှာ စိုးလို့ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီ ပေးလိုရင် အစိုးရ ကဘဲ တဆင့်ပေးဖို့ ပြောလိုက်သလို၊ ဖွံ့ဖြိုးရေး အကူအညီ တော့ လက်မခံနိုင်ပုံ လည်း ပြောလိုက်ကြပါတယ်။

ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေ အပါအဝင် ရခိုင်နဲ့ မွတ်ဆလင် ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ဆွေးနွေးပြီး ရရှိခဲ့တဲ့ အချက်အလက်တွေ ကို တော့ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အိုအိုင်စီ အဖွဲ့ မှာ ဆက်လက် အစီရင်ခံတင်ပြသွားမှာပါ။

အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ဟ ဒီကနေ့ မှာ တော့ စစ်တွေ ကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာသွားပါပြီ။