သူရ ရွှေမန်း ဗီယက်နမ် ခရီး

  • 4 စက်တင်ဘာ 2014
vietnam congress ဓာတ်ပုံ မူပိုင် infonet.vn
Image caption တပါတီ စနစ်နဲ့ သွားတဲ့ ဗီယက်နမ် လွှတ်တော်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ အဖွဲ့ ဗီယက်နမ် နိုင်ငံ အမျိုးသား လွှတ်တော် ကွန်ဂရက် ဥက္ကဋ္ဌ ဖိတ်ကြားချက် အရ ဗီယက်နမ် ကို သောကြာနေ့မှာ လေ့လာရေး သွားမှာ ဖြစ်ပါတယ် ။

တပါတီ စနစ်ကို ကျင့်သုံးတဲ့ ဗီယက်နမ် နိုင်ငံက ဥပဒေ ပြုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု တွေနဲ့ တခြား ကိစ္စ တွေကို လေ့လာ သွားမယ်လို့ အတူ လိုက်ပါ သွားမယ့် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ က ဥက္ကဋ္ဌ ဦးလှမြင့်ဦး က ပြောပါတယ်။

ဗီယက်နမ် က မြန်မာပြည် ရင်းနှီး မြှုပ်နှံသူများ အစည်းအရုံး၊ စက်မှု ကုန်သည်ကြီး များ အသင်းတွေ နဲ့လဲ တွေ့မယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံက သွားရောက် လေ့လာတဲ့ နိုင်ငံတကာ လွှတ်တော် ၂ဝ ကျော် ရှိနေပြီး ကိုယ့်နိုင်ငံနဲ့ ဆီလျော် မယ့် နည်းနာ လမ်းကြောင်း တွေပဲ ရယူ သွားမှာ ဖြစ်တယ် ၊ ဒီခရီးမှာ စစ်ရေး ကိစ္စ လေ့လာမှု တွေတော့ မပါဝင်ဘူး လို့ ဦးလှမြင့်ဦး က ပြောပါတယ်။