အီဘိုလာရန်ကြောင့် တနိုင်ငံလုံး ၃ ရက် တံခါးပိတ်

  • 6 စက်တင်ဘာ 2014
Sirra Leone Ebola ဓာတ်ပုံ မူပိုင် AP
Image caption ဆီယာရာ လီယွန်း အီဘိုလာ သတိပေး ကြေညာချက်

ဆီယာရာ လီယွန်းနိုင်ငံက အီဘိုလာဗိုင်းရပ်စ် ပြန့်ပွား မှုကို တားမြစ်ဖို့အတွက် နိုင်ငံကို ၃ ရက်ကြာ တံခါးပိတ်ဖို့ စီစဉ်နေပါတယ်။ ၃ ရက် တာ ကာလ အတွင်းမှာ လူအားလုံးဟာ အိမ်ထဲက အိမ်ပြင် မထွက်ကြပဲ ကိုယ့်အိမ်မှာကိုယ်ပဲ နေကြရမှာ ဖြစ်ပါတယ်။

အနောက်အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဆီယာရာ လီယွန်းနိုင်ငံဟာ အီဘိုလာရောဂါဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့ တိုင်းပြည်တပြည်လည်း ဖြစ်ပါတယ်။

ဒီလို တိုင်းပြည်ကို တံခါးပိတ်ထားတဲ့ ကာလအတွင်းမှာ ကျန်းမာရေး လုပ်သားတွေအနေနဲ့ အီဘိုလာ ရောဂါ ခံစားရသူ လူနာသစ်တွေကို မှတ်တမ်းတင်ပြီး သီးခြားခွဲထား နိုင်မှာ ဖြစ်တယ်လို့ သမ္မတရဲ့ အကြံပေးအရာရှိ တဦးက ပြောပါတယ်။

လူတွေအိမ်ထဲက အိမ်ပြင်မထွက်ရေးကို ကြီးကြပ်ဖို့အတွက် လူပေါင်း ၂ သောင်းကို ခန့်ထားကွပ်ကဲမယ်လို့ ဆိုပါတယ်။ အီဘိုလာ တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေအနက်မှာ အခုဆောင်ရွက်ချက်ဟာ အပြင်းထန်ဆုံး လုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ ဒီလို အတင်းအကြပ်ဆောင်ရွက်မှုမျိုး ကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားလာနိုင်တဲ့ အလားအလာရှိတယ်လို့ ဘီဘီစီ သတင်းထောက်တဦးက ပြောပါတယ်။