နယ်သာလန်က မြန်မာ ဖွံ့ဖြိုးရေး ကူညီမယ်

  • 7 စက်တင်ဘာ 2014
u_thein_sein_switzerland_ ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတ ဦးသိန်းစိန် ဆွစ်ဇာလန်ကို ရောက်ရှိ

သမ္မတ ဦးသိန်းစိန် နဲ့ အဖွဲ့ဟာ ဥရောပ ၃ နိုင်ငံ ၁၀ရက် ခရီးစဉ် ရဲ့ နောက်ဆုံး နိုင်ငံ အဖြစ် စက်တင်ဘာ ၇ ရက်နေ့က နယ်သာလန် ကို သွားရောက်ခဲ့ ပြီ ဖြစ်ပါတယ်။

နယ်သလန်နိုင်ငံ မှာ ရှိနေစဉ် ဘုရင် Willem-Alexander၊ ဝန်ကြီးချူပ် Mark Rutte တို့နဲ့ တွေ့ဆုံ မှာ ဖြစ်သလို၊ စိုက်ပျိုးရေး ကဏ္ဍ၊ မြစ်ကြောင်း ထိန်းသိမ်းရေးနဲ့ မြန်မာပြည်ကနေ ပညာတော်သင် စေလွှတ်ရေး အစရှိတာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး နဲ့ ဆွေးနွေး သွားမယ် ဆိုပြီး၊ ဒီ ခရီးစဉ်မှာ လိုက်ပါလာတဲ့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြည်ထောင်စု ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဆွစ်ဇာလန် နိုင်ငံမှာ ရှိစဉ်ကလည်း မြန်မာနိုင်ငံ ဒေသန္တရ အစိုးရတွေ နိုင်ငံ့ဝန်ထမ်းတွေ ရဲ့ အရည်အသွေး မြှင့်တင်ရေးနဲ့ ကျေးလက် ဖွံ့ဖြိုးရေး၊ စွမ်းအင်နဲ့ ပညာရေး စတဲ့ ကဏ္ဍ ၅ ခုမှာ ဆွစ်ဇာလန် အစိုးရ အနေနဲ့ ၅ နှစ် အတွင်း ဒေါ်လာ ၁၆၄ သန်းဖိုး အကူအညီ ပေးဖို့ သဘော တူညီမှု တွေ ရှိခဲ့ကြောင်း လည်း ဦးရဲထွဋ်က ဆိုပါတယ်။

၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး အရ ပုဂံနဲ့ပျူ ရှေးဟောင်း ယဉ်ကျေးမှု ဆိုင်ရာတွေ ကို လာမယ့်နှစ် အတွင်း ဆွစ်ဇာလန် မှာ လာရောက် ပြသဖို့လည်း စီစဉ်ခဲ့ကြတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ