သံလျင် သတ္တုစက်ရုံ ပုဂ္ဂလိကနဲ့ ဖက်စပ်လုပ်မယ်

  • 10 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် NLM
Image caption ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို ဖိတ်ခေါ်ထား

ရန်ကုန်တိုင်း သံလျင်မြို့မှာရှိတဲ့ သတ္တုသန့်စင် စက်ရုံ ကိုအဆင့်မြှင့် ဖို့အတွက် အစိုးရနဲ့ ဖက်စပ် လုပ်ကိုင်လိုတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို သတ္တုတွင်း ဝန်ကြီးဌာနက ဖိတ်ခေါ် လိုက်ပါတယ်။

လုပ်ငန်း အစီအစဉ် အဆိုပြုချက် အကောင်းဆုံး တင်သွင်းနိုင်မယ့် နည်းပညာ မြင့်မားတဲ့ ကုမ္ပဏီကို ဦးစားပေး စဉ်းစားမယ်လို့ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ဘီဘီစီကို ပြောပါတယ်။

အခုချိန်အထိ ဒီစက်ရုံကို စိတ်ဝင်စား ပြီး လာရောက် လေ့လာနေတဲ့ကုမ္ပဏီတွေထဲမှာ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီတွေ ပါဝင်တယ်လို့ သူကဆိုပါတယ်။

ပြည်တွင်းက လုပ်နိုင်တဲ့ ကုမ္ပဏီတွေရှိရင်လည်း သူတို့ရဲ့ အဆိုပြုချက်တွေ ကိုတင်သွင်းနိုင်ကြောင်း ဦးဝင်းထိန်က ဆိုပါတယ်။

အဆိုပြုလွှာ တင်သွင်းတဲ့ ကုမ္ပဏီတွေ အနေနဲ့ စက်ရုံကို သုံးလ လေ့လာပြီး နောက်ထပ် လုပ်ငန်းအဆိုပြုချက် အသေးစိတ်ကိုပြန်တင် တဲ့အပေါ် စဉ်းစားရွေးချယ်မယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြေးနီနဲ့ နီကယ်သတ္တု တွေကိုသာ သန့်စင်နိုင်ပြီး ခနောက်စိမ်းလိုသတ္တုမျိုးကို လုံးဝသန့်စင်နိုင်တဲ့အခြေအနေ မရှိသေးဘူးလို့ ဦးဝင်းထိန်က ရှင်းပြပါတယ်။

နည်းပညာ ရှိတဲ့ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အဲဒီလို သတ္တုအမျိုးမျိုး ကိုထုတ်လုပ် လာနိုင်ဖို့ မျှော်လင့်ထားကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ဆိုပါတယ်။