ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ စနစ်တွေ ရွေးချယ်

  • 16 စက်တင်ဘာ 2014
parliament myanmar
Image caption လွှတ်တော် ကိုယ်စားလှယ် လောင်း ရွေး တဲ့ စနစ် အငြင်းပွား

ပြည်သူ့ လွှတ်တော် အတွက် သင့်တော် တဲ့ ရွေးကောက်ပွဲ စနစ် တင်သွင်းဖို့ လွှတ်တော်က တာဝန် ပေးထားတဲ့ ကော်မရှင်က နောင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ တွေမှာ ကျင့်သုံး ဖို့ ဆိုပြီး ရွေးကောက်ပွဲ စနစ် ကို ရွေးလိုက် ပါပြီ။

ကော်မရှင် က အင်္ဂါနေ့က ရွေးလိုက်တဲ့ စနစ်ကို လာမယ့် ရက်ပိုင်းအတွင်း လွှတ်တော် မှာ တင်သွင်း ပြီး ဆုံးဖြတ်ဖို့ ရှိတယ် လို့ သိရ ပါတယ်။

ဒီ ကော်မရှင် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း တွေ ရွေး တဲ့ နေရာမှာ ကျင့် သုံး ဖို့ စနစ် ၃ ခု ကို ရွေးပေး လိုက်ပါတယ် ။

ဒီနေ့ အဖွဲ့ဝင် ၂၄ ဦး ပါတဲ့ ကော်မရှင်က အစည်းအဝေး ကျင်းပပြီး တင်သွင်းဖို့ ဆုံးဖြတ် လိုက်တာ လို့ ကော်မရှင် တွဲဖက် အတွင်း ရေးမှူး ဦးသန်းဝင်းက ပြောပါတယ် ။

အခု ရွေးပေးတဲ့ စနစ်တွေ ထဲ မှာ ပီအာ နဲ့ ပီအာ တဝက် ကျင့်သုံး မယ့် စနစ် ၂ ခု ပါနေပြီး ကျန်တခု ကတော့ အခု အတိုင်း တိုက်ရိုက် ရွေး စနစ် ဖြစ်ပါတယ် ။

အမျိုးသား လွှတ်တော် မှာတော့ ကိုယ်ပိုင် အုပ်ချုပ် ခွင့် ဒေသ တွေက လွဲ ပြီး ကျန် နေရာတွေမှာ ပီအာ စနစ် ကျင့်သုံး ဖို့ ဆုံးဖြတ်ထား ပြီး ပြည်ထောင်စု လွှတ်တော် တင်ဖို့ လုပ် နေပါပြီ ။

ဒီစနစ်ကို ကန့်ကွက်တဲ့ လှုပ်ရှား မှုတွေလဲ ရှိ ခဲ့ ပါတယ် ။

အချိုးကျ ကိုယ်စားပြုစနစ် (PR) ပြောင်းလဲ ကျင့်သုံးရေး ကိစ္စဟာ ပြည်သူလူထု တောင်းဆိုမှုကြောင့် မဟုတ်ဘဲ နိုင်ငံရေး ပါတီ အချို့က စတဲ့ကိစ္စ ဖြစ် တယ်လို့ NLD ပါတီ က ပြည်ထောင်စု လွှတ်တော် ဒီမိုကရေစီနေ့ အခမ်းအနား မှာ ပြောကြား ခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ