ထိုင်း လူသတ်မှုမှာ မြန်မာ လက်သည်မဟုတ်

thai_britain_killed
Image caption သေဆုံးသူတွေ ရဲ့ ရုပ်အလောင်းကို သယ်ယူ နေကြစဉ်

ထိုင်းနိုင်ငံ မှာ ဗြိတိန် နိုင်ငံသား အမျိုးသား တစ်ယောက် အမျိုးသမီး တစ်ယောက် အသတ်ခံရမှု နဲ့ ပတ်သက်ပြီး မြန်မာ အလုပ်သမား ၃ ဦး ကို မသင်္ကာသူ အဖြစ် ရဲက ခေါ်ယူ စစ်ဆေး ခဲ့ပေမယ့် စစ်ဆေး ခံခဲ့ရသူ တွေဟာ ဒီအမှုမှာ ပါဝင် ပတ်သက်မှု မရှိဘူး လို့ ယူဆရ တဲ့ အကြောင်း ရဲတပ်ဖွဲ့ အမှတ် ၈ တိုင်းမှူး ရဲ ဒုတိယ ဗိုလ်ချုပ်ကြီး ပန်းယား မားမေန့်က ပြောပါတယ်။

သတင်းတွေ ထွက်နေသလို မြန်မာ အလုပ်သမား ဘောင်းဘီမှာ သွေးကွက် တွေ့တယ်၊ သေဆုံးသူ တွေ ဆီက လို့ ယူဆရတဲ့ အိုင်းဖုန်း ၄ လုံးတွေ့တယ် ဆိုတဲ့ အချက်တွေ ဟာ ရဲက အတည်ပြု ပြောကြား ထားတာ မဟုတ်ပဲ တချို့ မီဒီယာတွေ ရဲ့ ရေးသားချက် တွေသာ ဖြစ်တယ်လို့ လည်း ရဲ ဒုတိယ ဗိုလ်ချုပ်ကြီး ပန်းယား မားမေန့် က ပြောပါတယ်။

ဒီ အမှုမှာ မြန်မာနိုင်ငံသား တွေ ပါဝင် ပတ်သက်မှု ရှိမရှိ ကို ဘန်ကောက် မြန်မာသံရုံးက အဆိုပါ ထိုင်း ရရဲရာရှိ ကို ဆက်သွယ် မေးမြန်းခဲ့ပြီး၊ မပတ်သက်ကြောင်း ရဲဘက်က ဖြေကြားခဲ့တယ် လို့ သံရုံး ဒုတိယ အတွင်းဝန် က အတည်ပြု ပေးပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ထားနီး ခရိုင်၊ ကော့တောင်ကျွန်း မှာ စက်တင်ဘာ ၁၅ ရက်နေ့မှာ ဗြိတိန်နိုင်ငံသား တွေ အသတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအမှုဟာ ကမ္ဘာ လှည့် ခရီးသည် လုပ်ငန်းနဲ့ ဝင်ငွေ ကောင်းနေ တဲ့ ထိုင်းနိုင်ငံ အတွက် မျက်နှာပျက်စရာ ဖြစ်တာကြောင့် တရားခံ ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ဝန်ကြီးချုပ် ကိုယ်တိုင် ညွှန်ကြား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ