၂၀၀၇ သံဃာ့လှုပ်ရှားမှု ၇ နှစ်ပြည့်

  • 18 စက်တင်ဘာ 2014
Image caption သံဃာတွေကို ကျေနပ်တဲ့ အထိ တောင်းပန်မှ ပတ္တနိက္ကုစ္စန ကံဆောင်မှုကို လှန်ခြင်း ပြုနိုင်မယ်

၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် မေတ္တာပို့ ကြွချီတဲ့ ပခုက္ကူ သံဃာထုကို အာဏာပိုင် တွေက ဖမ်းဆီး ရိုက်နှက်ခဲ့ပြီး မတောင်း ပန်လို့ သပိတ်မှောက် ကံဆောင် ခဲ့တဲ့ ပတ္တနိက္ကုစ္စန ကံဟာ အခု အချိန် အထိ ဆောင်ထားဆဲ ဖြစ်တယ်လို့ ၂၀၀၇ သံဃာ့ လှုပ်ရှားမှု ၇ နှစ်ပြည့်မှာ သံဃာတွေက မိန့်ကြား လိုက်ပါတယ်။

ဒီကံဆောင်မှုကို လှန်ခြင်း ပြုဖို့ အတွက် သံဃာတွေကို ကျေနပ် သည် အထိ တောင်းပန် မှသာ ရမှာ ဖြစ်ကြောင်း ၁၉၉ဝနဲ့ ၂၀၀၇ ကံဆောင်ပွဲမှာ ကိုယ်တိုင် ပါဝင် ခဲ့လို့ ထောင်ဒဏ် ၁၀ နှစ် ၂ ကြိမ် အပြစ်ပေး ခံခဲ့ ရတဲ့ ဓမ္မပီရ ကျောင်းက ဆရာတော် ဦးပဏ္ဍဝံသ မိန့်ပါတယ်။

သံဃာ့ လှုပ်ရှားမှု ၇ နှစ်ပြည့် အခမ်း အနားကိုလည်း ဆရာတော် ဦးပဏ္ဍဝံသ ကပဲ ဦးဆောင်ပြီး ရန်ကုန် သင်္ကန်းကျွန်း ကျိုက္ကစံ ဓမ္မပီရ ကျောင်းမှာ ပြုလုပ် ခဲ့ရာ သံဃာ ၁၅၀ ကျော် ကြွရောက် ခဲ့တယ်လို့ သိရ ပါတယ်။

မန္တလေးမြို့က သံဃာတော်တွေ ကတော့ ရွှေဝါရောင် နှစ်ပတ်လည် အခမ်းအ နားကို မဟာ မြတ်မုနိ အရှေ့ဘက် နားက မဟာ မင်းထင် ကျောင်းတိုက်မှာ လုပ်ခဲ့ ပြီး သံဃာ ၂၀၀ ကျော် ကြွရောက်ခဲ့ ပါတယ်။

ခါတိုင်း နှစ်တွေ ကျင်းပတဲ့ နှစ်ပတ်လည် အခမ်း အနား တွေမှာ သံဃာ ထောင်ချီ တက်ရောက်ခဲ့ပြီး ခု အရင်က လောက် သံဃာ အင်အား မများတော့ဘဲ စိတ်ဝင် စားမှု နည်းလာ တာကို တွေ့ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ