၅ ထောင်တန် အသစ် အေက်တိုဘာ မှာ ထုတ်မယ်

  • 19 စက်တင်ဘာ 2014
_kyat_
Image caption မြန်မာ ငွေစက္ကူ

လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ ကနေ စလို့ ငါးထောင် ကျပ်တန် ငွေစက္ကူ အသစ်တွေ ကို စတင် ထုတ်ဝေမယ် လို့ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ လက်ရှိ တရားဝင် ထုတ်ဝေနေ တဲ့ ငါးထောင်တန် ငွေစက္ကူတွေ ကိုလည်း ဆက်လက် သုံးစွဲ နိုင် မှာ ဖြစ်ပြီး အခု ထုတ်ဝေတာ ကတော့ ငွေစက္ကူ တု ပြုလုပ်နေ တာကို ကာကွယ် နိုင်ဖို့ အတွက် ဖြစ်ပါတယ်။

အသစ် ထုတ်ဝေမယ့် ၅၀ဝ၀ တန် ငွေစက္ကူ တွေ ဟာ နိုင်ငံတကာ အဆင့်မှီ အရည်အသွေး ပိုမို ကောင်းမွန်မှာ ဖြစ်သလို ငွေစက္ကူ အတုတွေ ထွက်ရှိနေတာကို ကာကွယ်ဖို့ လုံခြုံရေးကြိုး ပုံစံသစ် ၊ ရေစာအသစ် ထည့်ထားမှာဖြစ် တယ် ဆိုပြီး ဗဟိုဘဏ် ရဲ့ ငွေစက္ကူ ထုတ်ဝေရေး ငွေကြေးဌာန က ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဝင်းတင် က ပြောပါတယ်။

ဒါပေမယ့် ငွေစက္ကူ ရဲ့ အရွယ်အစား၊ ပုံသဏ္ဍန်နဲ့ အရောင် သတ်မှတ်ချက် ဟာ မူလ ငွေ စက္ကူ ငါးထောင် တန် နဲ့ အတူတူ ပဲ ဖြစ်မှာပါ။ ငါးထောင် တန် ငွေစက္ကူ အဟောင်းတွေ ကို တဖြည်းဖြည်းသိမ်းပြီး အဲဒီနေရာ မှာ ငွေစက္ကူ အသစ်တွေ အစားထိုး ဝင်ရောက် လာမယ် လို့ ဦးကျော်ဝင်းတင် က ဆိုပါတယ်။

ငွေစက္ကူ အတု ထွက်ရှိနေတဲ့ ပြဿနာဟာ ဘယ်လောက် အခြေအနေ အတိုင်းအတာ ရှိနေတဲ့ အတွက် အခုလို လုံခြုံရေး အဆင့်မြှင့် ထားတဲ့ ငွေ စက္ကူ အသစ် ထုတ်ဝေရ သလဲ ဆိုတာတော့ မသိရပါဘူး။

အစိုးရက အခုလို ငွေစက္ကူသစ်တွေ ထပ်ထုတ်တဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်လာ နိုင်တာ ကိုတော့ စိုးရိမ်ရတယ်လို့ စီးပွားရေးတက္ကသိုလ်က အငြိမ်းစားပါမောက္ခ တစ်ဦး ဖြစ်တဲ့ ဒေါ်လှမြင့် က ဆိုပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကနေ ၂၀ဝ၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စလို့ ငါးထောင် တန် ငွေစက္ကူတွေ ကို စတင် ထုတ်ဝေခဲ့ တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ