မြဝတီမှာ လက်နက်ကိုင်တွေနဲ့ အစိုးရတပ် ပစ်ခတ်

  • 19 စက်တင်ဘာ 2014
dkba ဓာတ်ပုံ မူပိုင် AFP
Image caption DKBA တပ်သား တစု

ကရင်ပြည်နယ်၊ မြဝတီမြို့ မှာ အစိုးရ နဲ့ ငြိမ်းချမ်းရေး လုပ်ထား တဲ့ လူမျိုးစု လက်နက် ကိုင် တချို့ နဲ့ အစိုးရ တပ်တွေ ကြာသပတေး နေ့ ညက ပစ်ခတ်မှု ဖြစ်ပြီး လူမျိုးစု လက်နက် ကိုင် အရာရှိ တယောက် သေဆုံး ပြီး တပ်သား တယောက် ဒဏ်ရာရ သွားပါတယ်။

မြ၀တီမြို့ ကြံခင်း ရပ်ကွက်မှာ ည ၁၁ နာရီလောက် က ပစ်ခတ်မှု ဖြစ်ပွား ပါတယ်။

ပစ်ခတ်မှုမှာ DKBA နဲ့ တဘက်က အစိုးရ စစ်တပ် နဲ့ လုံခြုံရေး အဖွဲ့ ပေါင်းစုံ ပါတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

အဲဒီ ပစ်ခတ်မှု မှာ DKBA တပ်ရင်း ၉၁ဝ ကစောဝါးလေး စခန်း က ဒုတပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး လင်းနိုင် သေဆုံး ပြီး ကားမောင်း ပေးတဲ့ စစ်သားက အပြင်းအထန် ဒဏ်ရာရ သွားတယ်လို့ DKBA က ပြောပါတယ်။

အခု ကိစ္စနဲ့ ပတ်သက် ပြီး ပစ်တဲ့သူ တွေကို DKBA ကို ပေးဖို့ တောင်း ထားတယ် လို့ ဆိုပါတယ်။

၂ဝဝ၉ ခုနှစ် က နယ်ခြားစောင့် စစ်သား တယောက် ကို ပစ်သတ် လိုက်တဲ့ DKBA စစ် သား ကို အပြစ်ပေးဖို့ အစိုးရ က တောင်းလို့ ပေးဖူးတာ ကြောင့် အခု DKBA က တောင်းတာ ကိုလည်း ပေးဖို့လိုတယ် လို့ DKBA ဗိုလ်မှူးကြီး ဆန်းအောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက် ပြီး မြ၀တီက အာဏာပိုင် တွေကို မေးမြန်းဖို့ ဆက်သွယ် ပေမယ့် မရခဲ့ပါဘူး။

ပစ်ခတ်မှု ဖြစ်ပွားတဲ့ အချိန်ဟာ မဲဆောက်ကို သွားတဲ့ မြန်မာ နိုင်ငံ သား တွေကို ထိုင်းရဲတွေက အနိုင်ကျင့်၊ ငွေညှစ် တာတွေ ကို ဖြေရှင်း ပေးဖို့ ဆိုပြီး KNU/ KNLA-PC ငြိမ်းချမ်းရေး ကောင်စီ နဲ့ DKBA က တောင်းဆို တဲ့ အပေါ် မှာ အစိုးရ စစ်တပ် နဲ့ တင်းမာမှု ဖြစ်ခဲ့တာနဲ့ လည်း တိုက်ဆိုင် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ