နမ့်ခမ်းမှာ ဗုံးပေါက်၊ တစ်ယောက် ဒဏ်ရာရ

  • 19 စက်တင်ဘာ 2014
Namkham Map
Image caption နမ့်ခမ်းမြို့ မြေပုံ

တရုပ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ မနေ့ညက ဗုံးပေါက်ကွဲလို့ လူတစ်ယောက် ဒဏ်ရာရခဲ့ ပါတယ်။

ကျားခေါင်း ပါတီလို့ခေါ်ကြတဲ့ နမ်းခမ်းမြို့က ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တာဝန်ရှိသူ ဦးစိုင်းအောင်ဝင်း နေအိမ် ရှေ့မှာ ပေါက်ကွဲခဲ့တာဖြစ်ပါ တယ်။

သူက ဒေသတွင်းက ပြဿနာတွေကို ဖြေရှင်းရေးမှာ ဦးဆောင်နေသူ တစ်ယောက်လည်း ဖြစ်ပါ တယ်။

ဦးစိုင်းအောင်ဝင်းရဲ့ ယောက်ဖ ဖြစ်သူက ခြေထောက်နဲ့ ခန္ဓာကိုယ်မှာ အနည်းငယ် ဒဏ်ရာ ရခဲ့တယ်လို့ ဗုံးပေါက်ကွဲတဲ့ နေရာကို သွားရောက် ခဲ့တဲ့ ရှမ်းပြည်နယ် လွှတ်တော်အမတ် ဦးစိုင်းတင်ဦးက ပြောပါတယ်။

ဗုံးက လက်လုပ်ဗုံး အမျိုး အစား ဖြစ်ပြီး အိမ်ထဲအထိ ဗုံးကို ပစ်သွင်းဖို့ ရည်ရွယ်ခဲ့ပုံ ရတယ်လို့ မြို့နယ် ရဲစခန်းမှူးက ပြောတယ်လို့လည်း သူက ပြောပါတယ်။

ဒီဗုံးဖောက်ခွဲမှုက ဘယ်သူ့ကို ရည်ရွယ်တယ် ဆိုတာနဲ့ ဘယ်သူက လုပ်တယ်ဆိုတာ ကိုတော့ အခုချိန်မှာ တိတိကျကျ မသိရသေး ပါဘူး။

သက်ဆိုင်ရာက ဆက်လက်စုံစမ်း နေတယ်လို့ ဦးစိုင်တင်ဦးကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ