ပျောက်နေတဲ့ တောင်တက်သမားတွေ ကယ်ဖို့ ကျွမ်းကျင်သူတွေရောက်

  • 20 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သဘာဝဖေါင်ဒေးရှင်း ခါကာဘိုရာဇီ တောင်တက်အဖွဲ့ဝင်တွေ

ခါကာဘိုရာဇီတောင်ကို တက်ဖို့ကြိုးစားခဲ့ရာမှာ အဖွဲ့နဲ့ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ တက္ကသိုလ် ခြေလျင်နဲ့ တောင်တက်အသင်း သဘာဝခေါ်သံ ဖေါင်ဒေးရှင်းက တောင်တက်အဖွဲ့ဝင် ၂ ဦးကို ဆက်လက် အရှိန်မြှင့်ရှာဖွေနေဆဲ ဖြစ်ပြီး ရှာဖွေရာမှာ ကူညီဖို့ အမေရိကန်ပြည်ထောင်စုက ကျွမ်းကျင်သူတွေနဲ့ နီပေါနိုင်ငံက ကျွမ်းကျင်သူတွေ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ တက္ကသိုလ်ခြေလျင်နဲ့တောင်တက်အသင်း သဘာဝခေါ်သံဖေါင်ဒေးရှင်းရဲ့ အမှုဆောင်

မြန်မာနိုင်ငံက ဂန်လမ်ရာဇီတောင်ထိပ်ကိုတက်ဘူးတဲ့ အမေရိကန်တောင်တက် ကယ်ဆယ်ရေးသမား မစ္စတာအန်ဒီတိုင်ဆန်နဲ့ အဖွဲ့ဝင် တဦး၊ အမြင့်ပေ ၂ သောင်းကျော် ရဟတ်ယာဉ်ပျံသန်းမျုကို ကျွမ်ကျင်တဲ့ နီပေါလူမျိုး လေယာဉ်မှုး၂ ဦးနဲ့ လမ်းပြ ၂ ဦးတို့ဟာ ပူတာအိုကို ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။

ရာသီဥတု အခြေအနေကောင်းရင် ရှာဖွေရေးကို ဆက်လုပ်မယ်လို့ ဆိုပါတယ်။

ခါကာဘိုရာဇီတောင်ကို တက်ခဲ့တဲ့ တောင်တက်အဖွဲ့မှာ အဖွဲ့ဝင် ၈ ဦးပါပြီး ၆ဦးက တောင်ခြေ အခြေချစခန်းမှာ ကျန်ခဲ့ပြီး ၂ ဦးက တောင်ထပ်ကို ဆက်တက်စဉ်မှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

တောင်တက်သမား ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့ ၂ ဦးဟာ ကျန်တဲ့ အဖွဲ့သားတွေနဲ့ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီအထိ အဆက်အသွယ်ရှိခဲ့ပြီးတဲ့နောက် နောက်ပိုင်း အဆက်အသွယ် ပြတ်သွားပြီး ခုချိန်ထိ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးမှာ ၂ ပတ်စာ စားနပ်ရိက္ခာပါသွားတယ်လို့ ဆိုပါတယ်။

ကျန်အဖွဲ့ဝင် ၆ ဦးတို့ဟာ မနေ့က ရန်ကုန်ကို ပြန်ရောက်လာခဲ့ကြပြီလို့ ဦးထွန်းလှအောင်က ပြောပါတယ်။