အမျိုးသမီး ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပ

  • 20 စက်တင်ဘာ 2014
women_peace_forum_
Image caption အမျိုးသမီး ငြိမ်းချမ်းရေး ဖိုရမ်

စက်တင်ဘာ၂၁ ရက်နေ့ မှာ ကျရောက် တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အကြို အဖြစ် အမျိုးသမီး ငြိမ်းချမ်းရေး ဖိုရမ် ကို ရန်ကုန် မှာ ၂ ရက်ကြာ ကျင်းပခဲ့ရာ မူဝါဒ ရေးရာတွေ ဖော်ဆောင် ဆုံးဖြတ်တဲ့ ခေါင်းဆောင် ကဏ္ဍတွေ မှာ အမျိုးသမီး တွေ ပိုမို ပါဝင်ခွင့် ရဖို့ နဲ့ ပဋိပက္ခ တွေ အတွင်း အမျိုးသမီးတွေ အကြမ်းဖက် ခံရမှု ပပျောက် ဖို့ စတာတွေ ကို အဓိက ထား ဆွေးနွေး ခဲ့ကြပါ တယ်။

ဒီ ဖိုရမ် ကို ပြည်တွင်း ပြည်ပ အခြေစိုက် အမျိုးသမီး ကွန်ရက် နဲ့ အဖွဲ့အစည်း ပေါင်း ၁၂၀ ကျော် က အမျိုးသမီး ကိုယ်စားလှယ် ၃၀ဝ ကျော် တက်ရောက်ခဲ့ ပါတယ်။

ဖိုရမ်မှာ ပေးအပ်တဲ့ ငြိမ်းချမ်းရေးဆုကို ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ ဒုဥက္ကဌ နော်စီဖိုရာစိန် နဲ့ အတူ ရရှိခဲ့တဲ့ ရခိုင် လွတ်မြောက်ရေး ပါတီ ဗဟို အလုပ် အမှုဆောင် ဒေါ်စောမြရာဇာလင်း က လူဦးရေ အချိုးစား နဲ့ နှိုင်းယှဉ်ရင် မြန်မာ နိုင်ငံ မှာ အမျိုးသမီး တွေ ရဲ့ ဦးဆောင်မှု အဆင့်မှာ ပါဝင်နေမှု ဟာ နည်းပါး နေသေး ကြောင်းနဲ့ ဆက်လက် တောင်းဆို သွားရမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဖိုရမ် ကျင်းပရေး ကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဒေါ်သင်းသင်းအောင် ကလည်း နှစ်ရှည် ပဋိပက္ခ တွေ အတွင်း အမျိုး သမီးတွေ ကို ပစ်မှတ်ထားပြီး လိင်ပိုင်း ဆိုင်ရာ အပါအဝင် အကြမ်းဖက် ခံရမှု တွေ ရှိနေခဲ့ပြီး၊ ဒါတွေကို ကာကွယ် နိုင်ဖို့ ထိရောက်တဲ့ ဥပဒေ ရှိဖို့နဲ့ မျှတတဲ့ တရား စီရင်မှု ရှိဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဒီ အမျိုးသမီး ငြိမ်းချမ်းရေးဖိုရမ် ကို ပြည်တွင်း မှာ ဒုတိယအကြိမ် ကျင်းပတာ ဖြစ်ပြီး အစည်းအဝေး တက်ရောက် လာသူတွေ ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ မှာ ရန်ကုန်မြို့တွင်း လမ်းလျှောက် ဖို့ ရှိပြီး အမျိုးသမီး အခွင့်အရေး ပညာပေး ဟောပြောပွဲ တွေလည်း ပြုလုပ်သွားမယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ