NCCTအပစ်ရပ်အဖွဲ့နဲ့ MPC အစိုးရငြိမ်းချမ်းရေး ပြန်တွေ့

  • 22 စက်တင်ဘာ 2014
_mpc_ncct_304x171 ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC
Image caption NCCT နဲ့ MPC ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စ

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ မှာ ဒီနေ့ စတင် ကျင်းပ ပြုလုပ် တဲ့အစိုးရ ရဲ့ ငြိမ်းချမ်း ရေး ဖော်ဆောင် ရေး ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အပစ်ရပ် စာချုပ် အတွက် တွေ့ဆုံ ဆွေးနွေးပွဲ စတဲ့ နေ့မှာ ဘဲ အစိုးရ တပ်ဖက် က တင်းမာမှု တွေ ရှိနေတယ် လို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဖက် က ပြောပါတယ်။

ဒီလို တင်းမာမှု တွေ ရှိနေ တဲ အတွက် ဒီတစ်ခေါက် မှာ လည်း အပစ်အခတ်ရပ်ရေး စာချုပ် ဟာ၊ အပြီးသတ်မဲ့ အနေအထားလို့ ပြောလို့ မရနိုင်သေး ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းမှု အဖွဲ့ NCCT ခေါင်း ဆောင် နိုင်ဟံသာ က ပြော ပါတယ်

တိုင်းရင်းသားခေါင်းဆောင်တွေ ဘက် ကတော့ ပြီးခဲ့ တဲ့ ရက် ပိုင်း က၊ ကာကွယ် ရေးဦး စီးချုပ် က တိုင်းရင်းသား ခေါင်း ဆောင်တွေရဲ တပ်ပေါင်း စု NCCT -ကို ဝေဖန် လိုက်တာ ရယ်၊ နောက် ပြီး တိုင်းရင်းသား တွေ ဘက် က တင်ပြ ထားတဲ့ ကြား ကာလ မှာ နှစ်ဖက် တပ်တွေ အနေအထား ကို ဒီနေ့အထိ အစိုးရ နဲ တပ်ဖက်က နားလည် လက် ခံ နိုင်တဲ့အနေအထား မတွေ့ ရ သေးတာ ရယ်ကြောင့် တင်းမာ မှုတွေရှိနေတယ် လို့ ခန့်မှန်းတာ ဖြစ်ပါတယ်

ဒီတစ်ခေါက်ဆွေးနွေးပွဲ မှာ၊ တင်း မာ မှု တွေရှိနေတယ် ဆိုတာ နဲ ပတ်သတ်လို့ -NCCT ခေါင်း ဆောင် နိုင်ဟံ သာ ပြော တာ က၊ အရင်တပတ် က ဖယ်ဒရယ် ကိစ္စ တွေ ချမှတ်တဲ့ အပေါ်မှာ အထက်ပိုင်း တပ်ဖက် က မကျေလည်တဲ့ အကြောင်း၊ ပြီးခဲ့တဲ့ ရက်တွေ တုန်းကလည်း၊ သတင်းစာ တွေ ထဲမှာ UNFC ကို ဝေဖန်ထားတာတွေ၊ တွေ့ရကြောင်း၊ ဒါဟာ အခြေအနေ မကောင်းတဲ့ လက္ခဏာ လို့ ဘီဘီစီ ကို ရှင်းပြတာပါ။

ဒီနေ့ ဆွေးနွေးပွဲ ဟာ နှစ်ဖက် တပ်တွေ နေရာ ချထားရေး နဲ ပတ်သက် ပြီးတော့၊ အဓိက ဆွေးနွေးကြတာဖြစ်ပြီး၊ တိုင်းရင်းသား လက် နက် ကိုင် တွေ ဘက် က၊ တပ်မမှူး တွေ တက် ရောက် ကြသလို၊ တပ်ဖက် က ဒုတိယ ဗိုလ်ချုပ်ကြီး လေးဦး အထိ တက်ရောက် လာတာ ကိုလည်း တွေ့ရပါတယ်။ ဒီတစ်ခေါက် အပစ် အခတ်ရပ်ရေး မူကြမ်းအတွက် ခြောက်ကြိမ်မြောက် တွေ့ဆုံပွဲ မှာ အရင်ပွဲ တွေ့ မှာ တက် ရောက်တာ မတွေ့ ရတဲ ဒုတိယ ဗိုလ်ချုပ် ကြီးခင်ဇော် ဦး အပြင်၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ် ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ် ကြီး ရဲအောင်တို့ ၊တက်ရောက်လာတာ လည်း တွေ့ရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာတော့ ဒု တိယဗိုလ်ချုပ် ကြီးမြင့်စိုးက တပ်ရဲ ရပ်တည်ချက် နဲ ပတ်သတ် လို့၊ တပ်ဟာ အရင် အတိုင်းဘဲ ဆိုတာ နဲ ငြိမ်းချမ်း ရေး လို့ချင်လို့၊ အခုလို လိုက်ရော လာတာ ဖြစ်တယ် ဆိုတာရယ်၊ ကာကွယ်ရေး ဦးစီးချုပ် က တိုင်းရင်း သား တပ်ပေါင်း စု အပေါ် ဝေဖန်ချက် ဟာ လည်း လေ့လာပြီး မှ ပြောတာ ဖြစ် တယ် လို့ပြောသွားတာ ဖြစ်ပါတယ်၊ တိုင်းရင်းသား ခေါင်းဆောင် အဖွဲ ဝင်တစ်ချို့ က တော့ တပ်ဖက်က ကိုယ်စားလှယ်အချို့၊ ပြောင်း ပြီးဆွေးနွေးလာတာ နဲ့ ဆွေးနွေးပွဲ မှာ တပ်ဖက်က ပိုပြီး သတိထားလာ တာ ဟာ အစိုးရ ကို တပ် က ဝင်ထိန်း တဲ့ သဘော လို့လည်း ပြောဆိုကြပါတယ်

တစ်နှစ်ကျော် ကြာလာပြီ ဖြစ်တဲ့၊ အပစ်အခက် ရပ်စဲ ရေးမူ ကြမ်းအတွက် ဆွေးနွေးမှု ဟာ၊ ရန်ကုန် မြို့မှာ၊ စက် တင်ဘာ လ ၂၂ ရက် နေ့ကနေပြီး လာမဲ့စက် တင်ဘာလ ၂၇ ရက် နေ့ အထိ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီတခေါက် အပစ်အခတ်ရပ်ရေး၊ ဆွေးနွေးပွဲ မှာ အ ရင် တစ်ခေါက်ထက် စာရင်၊ တင်းမာမှု တွေ၊ သတိ ထား မှုတွေ၊ ရှိလာတာ ကြောင့်၊ မူကြမ်း ထွက် လာ နိုင်တဲ့အခြေနေ ကို ရောက်ဖို့ က မသေချာ ဘူး လို့ နိုင်ငံ ရေးအကဲ ခတ်တွေကပြော ကြပါတယ်။