ကလေး စစ်သားတွေ မြန်မာ စစ်တပ် ပြန်လွှတ်

  • 25 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အခုချိန်အထိ ပြန်လွှတ်ပေးတဲ့ ကလေးစစ်သား ၅၀၀ နီးပါး ရှိ

မြန်မာ အစိုးရ စစ်တပ်က ကလေး စစ်သား ၁၀၉ ယောက်ကို ဒီကနေ့ ပြန်လွှတ် ပေးလိုက် ပါတယ်။

အစိုးရ စစ်တပ်မှာ ကလေး စစ်သား အသုံးပြုတာ ရပ်တန့်ပါမယ်လို့ လွန်ခဲ့တဲ့ ၂ နှစ်က ကတိပေးခဲ့ပြီးနောက် ဒါဟာ တစ်ကြိမ်တည်းနဲ့ ကလေးစစ်သား အရေအတွက် အများဆုံး ပြန်လွှတ်ပေးတာ ဖြစ်ပါတယ်။

အခုချိန်ထိ စစ်တပ်က ပြန်လွှတ်ပေးတဲ့ ကလေး စစ်သား ၅၀၀ နီးပါး ရှိနေပြီ ဖြစ်ပေမယ့်လည်း တချို့ ဒေသတွေမှာ အခုချိန်ထိ ကလေးစစ်သား စုဆောင်းတာတွေ ရှိနေသေးတယ်လို့ တချို့ သတင်းတွေက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရ စစ်တပ်ကရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကပါ ကလေးစစ်သားတွေ စုဆောင်း အသုံးပြုခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ