ရန်ကုန် မြို့သစ် စီမံကိန်း ပြန်ရုပ်သိမ်း

  • 26 စက်တင်ဘာ 2014
Image caption ဧက ၃ သောင်းလောက် ရာထားတဲ့ ဒီစီမံ ကိန်းကို အကြောင်းပြချက် ခိုင်ခိုင် လုံလုံ မပြပဲ ပြန်ရုပ်သိမ်း

ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ဖို့ ရန်ကုန်တိုင်း အစိုးရက ရန်ကုန်တိုင်း လွှတ်တော်ကို တနင်္လာနေ့က အဆို တင်ထား တာကို သောကြာ နေ့က ပြုလုပ်တဲ့ လွှတ်တော် အစည်း အဝေးမှာ ပြန်လည် ရုပ်သိမ်း လိုက်ပါတယ်။

ဧက ၃ သောင်းလောက် ရာထားတဲ့ ဒီစီမံ ကိန်းကို အကြောင်းပြချက် ခိုင်ခိုင် လုံလုံ မပြပဲ ပြန်လည် သုံးသပ်မယ့် သဘောမျိုးနဲ့ ရန်ကုန်တိုင်း အစိုးရ စည်းပင် သာယာ ရေး ဝန်ကြီး ဦးလှမြင့်က အဆိုကို ပြန်ရုပ်သွား တာ ဖြစ်ပါတယ်။

ဒီ မြို့သစ် စီမံကိန်း အတွက် ကုမ္ပဏီ တခုကို သီးသန့် ဖွဲ့ထားပြီး အဲ့ဒီ ကုမ္ပဏီကို လုပ်ခွင့် ပေးထား လိုက်ပြီ ဆိုတဲ့ သတင်းတွေ အရင်က ထွက်ခဲ့ တာပါ။

ဒါကြောင့်လည်း ဝေဖန် မှုတွေ များတဲ့ အတွက် အဆိုကို ပြန်ရုပ် သိမ်းတာလို့ ပြောဆို မှုတွေ ရှိပေမယ့်လည်း စီမံကိန်း ကို ဆက်လုပ်မယ် မလုပ်ဘူး ဆိုတာ ကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ