တယ်လီနော ဆင်းကတ်တွေ စရောင်းပြီ

  • 27 စက်တင်ဘာ 2014
telenor
Image caption တယ်လီနောက မန္တလေး မြို့မ နဲ့ ဧည့်ခံ

စနေနေ့မှာ နော်ဝေထုတ် တယ်လီနော ဖုန်းဆင်းကတ်တွေ မန္တလေး ကနေ စတင် ရောင်းချ နေပြီ ဖြစ်ပါတယ်။

မှတ်ပုံတင် ပြပြီး တကတ်ကို ၁၅ဝဝ ကျပ်နှုန်း နဲ့ ရောင်းချ ပေးနေ တာပါ။ ကြိတ်ကြိတ် တိုး အားပေးကြတာ တွေ့ရ ပါတယ်။

သုံးစွဲလို့ ကောင်းတယ်လို့ ပြောကြ ပေမယ့် အော်ရီဒူး လိုပဲ နောက်ပိုင်းမှာ သုံးစွဲရ အဆင် မပြေတာ ဖြစ်နိုင်တယ် လို့ တချို့က ယူဆ ပါတယ်။

3 G 4 G အင်တာနက် ထိ ရဖို့ က အင်တာနက် ဂိတ်ဝေး လမ်းကြောင်း တွေ ကောင်းဖို့ ၊ ဆာဗာတွေ ကောင်းဖို့၊ တာဝါတိုင် တွေ နေရာ အနှံ့ ထားဖို့ လိုတယ်လို့ သိရပါတယ်။

တမိနစ် ဖုန်းခေါ်ခ ၂၅ ကျပ် ကျသင့်ပြီး လောလောဆယ်မှာ မန္တလေး မှာပဲ သုံးလို့ ရပါတယ်။

ဖုန်းခတွေ လျှော့ပေး ထားပြီး နိုင်ငံတကာက ဖုန်းမတ်ဆေ့ချ် ပို့နိုင်တယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ