ပျောက်ဆုံး ရဟတ်ယာဉ်ကို မြေပြင် ရှာဖွေမှု ပြုလုပ်နေ

  • 28 စက်တင်ဘာ 2014
himalaya_climber_john_a
Image caption ရာသီသတု ဆိုးနေတဲ့ ရေခဲတောင်

ခါကာဘိုရာဇီ ပျောက်ဆုံး တောင်တက် သမားတွေ ကို ရှာဖွေ ကယ်ဆယ် ရေးမှာ ပါဝင် တဲ့ ရဟတ်ယာဉ် တစ်စင်း စက်တင်ဘာ ၂၇ စနေနေ့ ကတည်းက မြေပြင်စခန်းနဲ့ အဆက်အသွယ် ပြတ်တောက် ခဲ့တာမှာ မြေပြင် ရှာဖွမှု တွေ ပြုလုပ်လျှက် ရှိနေပါ တယ်။

အဆိုပါ ရဟတ်ယာဉ် ပျံသန်းခဲ့တဲ့ ပူတာအိုမြို့ ကနေ ကယ်ဆယ်ရေး အဖွဲ့ အခြေစိုက် စခန်း ရှိရာ တဟွန်ဒမ်း ကျေးရွာထိ ရွာစဉ်တန်း တလျှောက် မှာ ရှာဖွေ နေကြတာပါ။

ရဟတ်ယာဉ် မှာ တပ်ဆင်ထား တဲ့ Emergency Locator Transmitter ရဲ့ အရေးပေါ် အချက်ပြ အသံ ထုတ်လွှင့်မှု ကို လည်း အခု အချိန်ထိ ဖမ်းယူ ရရှိမှု မရှိသေးဘူး လို့ တောင်တက် အဖွဲ့ ကယ်ဆယ်ရေး နဲ့ အခုဆို ရဟတ်ယာဉ် ရှာဖွေရေးပါ လုပ်ဆောင်နေ တဲ့ ထူးဖောင်ဒေးရှင်း ရဲ့ သတင်း ထုတ်ပြန်ရေး တာ၀န်ခံ ကိုဖြိုးကိုကိုသက် က ဘီဘီစီ ကို ပြောပါတယ်။

ပျောက်ဆုံး တောင်တက်သမား ၂ ဦးကို ရှာဖွေမှု မှာ တော့ ခါကာဘိုရာဇီ ရဲ့ ပေ တစ်သောင်း ခုနှစ်ထောင် အကျော် မှာ အဆိုပါ တောင်တက်သမား တစ်ဦးဦး ရဲ့ ကျောပိုးအိတ် လို့ ယူဆရတဲ့ အပြာရောင် အိတ်တစ်လုံးကို စက်တင်ဘာ ၂၇ ရက်နေ့ ကပဲ တွေ့ခဲ့ပါ တယ်။

ကယ်ဆယ်ရေးသမား တွေ အနေနဲ့ ရှာဖွေရေးလုပ် ရာမှာ တော့ ခါကာဘိုရာဇီ ရဲ့ ဆီးနှင်း သည်းထန်မှု ရာသီဥတု ဆိုးရွား ပြင်းထန်မှု နဲ့ ကြုံတွေ့နေ ရတဲ့ အတွက် base camp လို့ ခေါ်တဲ့ အခြေစခန်း ကို ပြန်လည် ဆင်းသက် နားနေရ ကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ