ပီအာ စနစ် အဆိုတင်သူကို ကန့်ကွက် ရှုတ်ချ

  • 28 စက်တင်ဘာ 2014
Image caption ပီအာစနစ်ဟာ ပုဇွန်တောင် မြို့နယ် ပြည် သူတွေ ရဲ့ သဘောထား မဟုတ်ဘူးလို့ ဆန္ဒပြ သူတွေက ပြော

ပြည်သူ့လွှတ်တော်မှာ အချိုးကျ ကိုယ်စားပြု ပီအာ စနစ်ကို ဦးဆောင် အဆိုတင် ခဲ့တဲ့ ပုဇွန်တောင် မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်ဇင်ကို ပုဇွန်တောင် မဲဆန္ဒရှင်တွေ ကနေ ကန့်ကွက် ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြ ပါတယ်။

မဲဆန္ဒရှင်တွေ ကနေ ရန်ကုန်မြို့ ပုဇွန်တောင် ပန်းခြံ အနီး ကနေ ချီတက် ပြီး တော့ ဆန္ဒပြခဲ့ ကြတာ ဖြစ်ပြီး၊ ပီအာ စနစ်ဟာ ပုဇွန် တောင်မြို့ နယ် ပြည် သူတွေရဲ့ သဘောထား မဟုတ်ဘူးလို့ ဆန္ဒပြ သူတွေက ပြောပါတယ်။

ဒီအတွက် ဒီအဆိုကို ပြန်ရုပ်သိမ်းပေး ဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုထား ပါတယ်။

ပီအာ စနစ်ကို တင်သွင်း ခဲ့သူ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဖြစ်တဲ့ အမတ် ဦးအောင်ဇင် ကတော့ ဒီမိုကရေစီ လမ်းကြောင်း ကြီး မတိမ်းစောင်း အောင်နဲ့ ကိုယ်စားပြု များများ ပါတဲ့ စနစ် တခုကို တင်လိုက်တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူတင်တဲ့ အဆိုမှာ ဘယ် အချိန်မှာ လုပ်ရမယ် ဆိုတဲ့ အချိန် သတ်မှတ်ချက် မပါ ဘူးလို့လည်း ဦးအောင်ဇင်က ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်း အဝေးမှာ မြန်မာ နိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲ စနစ်ကို အကောင် အထည် ဖော်ဖို့ တင်ပြရာ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ လွှက်တော် ကနေ ရွေးကောက်ပွဲ ပုံစံ တခုကို ကော်မရှင်ဖွဲ့ ရွေးချယ် နေပြီး၊ သင့်တော်တဲ့ စနစ် ကို မကြာခင် ပြည်သူ့ လွှက်တော်ကို ပြန်လည် တင်သွင်း ဖို့ ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ