မိကျောင်းကန် သပိတ်စခန်း ရွှေ့ဖို့ သတိပေး

  • 29 စက်တင်ဘာ 2014
migyaungkan ဓာတ်ပုံ မူပိုင် Getty
Image caption မိကျောင်းကန် သပိတ် သမ္မတဆီ ပန်ကြား

ရန်ကုန်မြို့ မြို့တော် ခန်းမ ရှေ့မှာ ဖွင့်ထား တဲ့ မိကျောင်းကန် သပိတ်စခန်း ကို အောက်တိုဘာ လ ၃ ရက် နောက်ဆုံးထား ရွှေ့ပေး ဖို့ သက်ဆိုင် ရာ က တနင်္လာ နေ့က သတိပေး လိုက်တယ် လို့ သိရပါတယ်။

စစ်တပ်က သိမ်းထားတဲ့ သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် ရပ်ကွက်က မြေတွေကို ပြန်ရလိုမှုနဲ့ သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြနေတာ အခု ဆိုရင် ၆ လကြာ ရှိသွားပြီ ဖြစ်ပါတယ်။

သပိတ် ခေါင်းဆောင် တယောက် ဖြစ်တဲ့ မနေနွယ်သန်း က တော့ သူတို့ လိုလားတဲ့ တောင်းဆို ချက်တွေ ရမှ သပိတ် စခန်း သိမ်းနိုင်မယ် လို့ ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ မိကျောင်းကန် အစီရင် ခံစာ ထွက်လာပြီးနောက် ဆန္ဒပြသူ တချို့ ပြန်သွား တာ ရှိပေမယ့် လိုလားချက် တွေ မရဘဲ အရင် တခါလို လျစ်လျူ ရှု ခံရမှာ စိုးလို့ သပိတ် သမား တွေ ဆက်ပြီး နေခဲ့ကြတယ် လို့ သိရပါတယ်။

ဒီအစီရင်ခံစာ ကို လွှတ်တော်က အတည်ပြု ခဲ့ပြီး ဖြစ်လို့ အစိုးရ ဘက်က တာဝန်ယူ ဆောင်ရွက် ပေးရမှာ ဖြစ်တယ်လို့ မနေနွယ်သန်း က ပြောပါတယ်။

အောက်တိုဘာ ၃ ရက် နေ့ မတိုင်ခင် မိကျောင်းကန် သပိတ် ကို အစိုးရ ဘက်က ပြေလည်အောင် ညှိနှိုင်း မလား၊ အကြမ်းဖက် အင်အားသုံး ဖြေရှင်းမလား သေချာ မသိနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။