စိုးမိုး အေးချမ်း ကော်မီတီ အစီရင်ခံစာတင်

  • 30 စက်တင်ဘာ 2014
parliament_committee ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်စု ဥက္ကဋ္ဌ မူတဲ့ စိုးမိုး အေးချမ်း ကော်မီတီ

အင်္ဂါ နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ ရဲ့ အစီရင်ခံစာ နဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့ ဒီကော်မီတီရဲ့ အစီရင်ခံစာ ထဲမှာ တရားရုံး တွေကို စောင့်ကြည့်တဲ့ အဖွဲ့အစည်း တွေ ထားရှိဖို့ တိုက်တွန်း ထားပါတယ်။

ဒီတိုက်တွန်းချက် ကို အခြေခံ ဥပဒေမှာ သတ်မှတ် ဖော်ပြ ထားခြင်း မရှိလို့ ဆိုပြီး ပြည်ထောင်စု တရားလွှတ်တော်က ကန့်ကွက် ပေမယ့် လွှတ်တော် က လက်ခံခဲ့ တယ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ အတွင်းရေးမှူး NLD ပုသိမ် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပြပါတယ်။

ကော်မတီ ဖွဲ့စည်းပြီး နောက် တရားရေးနဲ့ ပတ်သက်တဲ့ တိုင်စာပေါင်း ၃၅ဝဝ၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်စာ ၂၅ဝဝ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ တိုင်စာ ၁ဝဝဝ၊ တပ်နဲ့ ပတ်သက်တဲ့ တိုင်စာ ၁ဝဝ ကို ကော်မတီက လက်ခံ ရရှိ စစ်ဆေးခဲ့ပါတယ်။

မန္တလေးနဲ့ လားရှိုးမှာ ကော်မတီ ရဲ့ တရား ဥပဒေ စိုးမိုးရေး စင်တာ တွေ စက်တင်ဘာ လက အစမ်း ဖွင့်လှစ်ဖို့ စီစဉ် ခဲ့ပေမယ့် နိုဝင်ဘာ လမှ ဖွင့်လှစ် နိုင်မယ်လို့ သိရပါတယ်။

ဒီစင်တာ တွေမှာ ပြည်ထဲရေးနဲ့ တရားရေး ဌာနက ကိုယ်စားလှယ်တွေ ပါဝင်ဖို့ ကိစ္စဟာ နိုင်ငံ ဝန်ထမ်းတွေ ဖြစ်နေလို့ လွှတ်တော် ဘက်ကပဲ ဆောင်ရွက်ဖို့ စီစဉ် နေပါတယ်။

ဒီမိုကရေစီ ခေတ် သွားနေတယ် ဆိုပေမယ့် လက်တွေ့မှာ ဗျူရို က ရေစီ စရိုက် တွေက ကျန်နေဆဲ လို့လဲ အစီရင် ခံစာက ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ