SSA တပ်စခန်း ငါးခုကို အစိုးရတပ် ထိုးစစ်ဆင်

  • 2 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် bbc
Image caption အစိုးရ ဘက်က တပ်ရင်း ၉ ရင်း နဲ့ အင်အား ထောင်ချီသုံး ဝင်တိုက် နေ

ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်း အနီး တာဖာဆောင် တပ်စခန်း အပါဝင် နေရာ ငါးခုကို အစိုးရ တပ်တွေက ကြာသပတေး နေ့ မနက် ပိုင်းက စပြီး အပြင်း အထန် ထိုးစစ် ဆင်နေကာ တိုက်ပွဲ တွေ ပြင်းထန် နေပါတယ်။

အစိုးရ တပ်တွေ က တပ်ရင်း ၉ ရင်း နဲ့ အင်အား ထောင်ချီသုံး ဝင်တိုက် နေတာ ဖြစ်ပြီး၊ အစိုးရ နဲ့ SSA တို့ အပစ် အခတ် ရပ်စဲ ရေး လက်မှတ် ထိုး ပြီး ၂၀၁၂ နောက်ပိုင်း အပြင်း ထန်ဆုံး တိုက်ပွဲ ဖြစ်တယ်လို့ SSA ဘက် ကပြော ပါတယ်။

အစိုးရ ဘက်က စိန်ပြောင်း တွေ လက်နက်ကြီးတွေ စက်သေနတ် ကြီးတွေနဲ့ ဝင်ရောက် တိုက်ခိုက် လာတာ ဖြစ်တယ်လို့လည်း SSA အတွင်းရေး မှူး စပ်ခွန်ဆိုင် က ပြောပါတယ်။

အဲဒီ စခန်းတွေ အနီးက ကျေးရွာ အချို့ ဟာ လက် နက် ကြီးတွေ ကျရောက်လို့ နေအိမ် တွေက စွန့်ခွာပြီး ပုံးရှောင် နေရတယ် လို့လည်း သိရ ပါတယ်။

တာဖာဆောင် စခန်း ပြဿနာ ကို ပြီးခဲ့တဲ့ ဩဂုတ်လ တုန်းက နေပြည် တော် မှာ သမ္မတ နဲ့ ရော ကာကွယ်ရေး ဦးစီးချုပ် နဲ့ပါ တွေ့ဆုံပြီး ဆွေးနွေး ခဲ့ ပေမယ့် ပြေလည် မှုတော့ မရ ခဲ့ပါ။

တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ NCCT အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာ ကတော့ ဒါတွေဟာ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မချုပ် ဆိုနိုင် သေးလို့ အခုလို ဖြစ်နေ ရတာလို့ ပြောပါတယ်။

အခု ရက်ပိုင်းမှာ အစိုးရ တပ်တွေ ဟာ ဒီကေဘီအေ၊ ကေအိုင်အို တို့ အပြင် ရှမ်းပြည်က တိုင်း ရင်းသား လက်နက်ကိုင် တွေနဲ့ပါ တိုက်ပွဲ တွေ ဖြစ်နေ တာပါ။

အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ နဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေဟာ အခု အောက်တိုဘာလ အတွင်း တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး မူကြမ်း အတွက် ထပ်မံ တွေ့ဆုံ ကြဖို့လည်း ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ