ရှမ်း အဖွဲ့တွေ ဘန်ကောက်မှာ စည်းဝေး

  • 4 အောက်တိုဘာ 2014
ssa ဓာတ်ပုံ မူပိုင် no credits
Image caption SSA မြောက်နဲ့ အစိုးရ တပ်တွေ တိုက်ပွဲဖြစ်

ရှမ်းနိုင်ငံရေး ပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ တခြား ရှမ်းတက်ကြွ လှုပ်ရှားသူ တွေဟာ အောက်တိုဘာ ၂ ရက် နေ့က နေ ၄ ရက်နေ့ အထိ ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော် မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ရှမ်း တိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ် ပါတီ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် နဲ့ ရှမ်းပြည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်၊ စိန်ကျော့ ဌာနေ ပြည်သူ့စစ် တို့ တွေ့ဆုံ ဆွေးနွေးတဲ့ ပွဲမှာ ပါခဲ့ ပါတယ်။

ဒီအစည်းအဝေး မှာ ရှမ်းပြည်နဲ့ ပြည်ထောင်စု ရဲ့ အနာဂတ် ကံကြမ္မာ ကိစ္စ တွေကို ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် သွားဖို့ သဘော တူညီ ခဲ့ကြတယ်လို့ အစည်းအဝေး ကို တက်ရောက် ခဲ့တဲ့ SSA က ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင် က ပြောပါတယ်။

နိုင်ငံရေး ပြဿနာ တွေကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်း ဖို့၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေ ပို အရှိန်မြှင့် လုပ်ဆောင် ဖို့လဲ ဒီအဖွဲ့ တွေက သဘောတူ ခဲ့ကြပါတယ်။

ပင်လုံ စာချုပ်မှာ သဘော တူညီ ခဲ့တဲ့ တန်းတူပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ထိ ဆက်လက် ကြိုးပမ်း သွားမယ် လို့လဲ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင် က ပြောပါတယ်။

ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ အစိုးရကြား တနိုင်ငံလုံး အဆင့် အပစ် ရပ်စဲရေး ရပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို တက်လှမ်း နိုင်မှာ ဖြစ်လို့ အဲဒိ အဆင့်ထိ ရောက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ