မဏ္ဍိုင်သုံးရပ် က မီဒီယာအားတွေ့ဆုံ

  • 5 အောက်တိုဘာ 2014
myanmar media ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာမီဒီယာ ပွင့်လင်းလာပေမယ့် အစိုးရ ဌာနတွေ ဆီ က သတင်းရရန် ခက်ခဲဆဲ ရှိနေ

အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင် ၃ ရပ် နှင့် ပြည်တွင်း မီဒီယာ များတွေ့ဆုံပွဲကို နေပြည်တော်မှာ ပြုလုပ်ခဲ့ကြပါတယ်။

အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် က ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲမှာ အစိုးရ အနေနဲ့ရော တရားစီရင်ရေးပိုင်း ဥပဒေပြုရေးပိုင်း အနေနဲ့ ပါ ပြန်ကြားရေး ကို ဦးစားပေး ဆောင်ရွက်ပေးသွားမယ်လို့ ကတိပေးပြောကြား သွားပါတယ်။

အစိုးရဌာနပိုင်း ကသတင်းထုတ်ပြန်ချက်တွေ အားနည်းတဲ့အပေါ်၊ သတင်းထုတ်ပြန်ဖို့တာဝန်ပေး ထားတဲ့သူတွေ ကို မေးမြန်းရာမှာ မှာလည်း ပြန်လည်ဖြေကြားဖို့ ပျက်ကွက်တာတွေ ရှိနေတဲ့အပေါ် မီဒီယာ သမားတွေ က မေးခွန်းထုတ် ကြရာမှာ တာဝန် ရှိသူတွေ က အခုလို ကတိပြုသွားတာ ဖြစ်ကြောင်း ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ 7 Day Daily သတင်းစာ အမှုဆောင် အယ်ဒီတာ ကိုအားမာန် က ဘီဘီစီ ကို ပြောပါတယ်။

အခုလို တာ၀န်ရှိသူတွေ အပိုင်း က မီဒီယာ နဲ့ တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်မယ့်အပေါ် ကြိုဆိုစရာ ကောင်းပေမယ့် သူတို့ရဲ့ အစီအစဉ် တွေ က ဘယ်ကာလမှာ လုပ်ဆောင်မှာလည်း ဆိုတာတော့ တိတိကျကျ ပြောမသွား ကြောင်း လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ