တောင်ကြီးမှာ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်

  • 5 အောက်တိုဘာ 2014
Taunggyi, Taung Gyi
Image caption ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ စနေ ညနက်ပိုင်းက ဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပါတယ်။

ည ၁၀ နာရီကျော်မှာ အနည်းဆုံး ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး ရဲတပ်သားနှစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ပေါက်ကွဲတဲ့နေရာတွေက ၂၁၂ ဆက်သွယ်ရေးတပ် ဝင်ပေါက်အနီး၊ ယာဉ်ထိန်းရဲစခန်းရှေ့ နဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပက)အနီးတို့မှာ ဖြစ်တယ်လို့ တောင်ကြီးမြို့မ ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက အတည်ပြု ပြောပါတယ်။

ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် တောင်ကြီးမြို့မှာ လုံခြုံရေးတွေကိုလည်း ထပ်တိုးချထားတယ်လို့ သူက ပြောပါတယ်။

ဘယ်သူ ဖောက်ခွဲတယ်၊ ဘယ်လို ဗုံးအမျိုးအစားဖြစ်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက် စုံစမ်း စစ်ဆေးဆဲဖြစ်တယ်လို့ သိရပါတယ်။