ခါကာဘိုရာဇီ တောင်တက်သမား ရှာဖွေရေး ရဟတ်ယာဉ် ပြန်တွေ့

  • 7 အောက်တိုဘာ 2014
hkaborazi_search shweyinkyawgyi ဓာတ်ပုံ မူပိုင် Htoo Foundation
Image caption ရှာဖွေရေး ရဟတ်ယာဉ်ပေါ်ပါသွားသူ တစ်ယောက်

ခါကာဘိုရာဇီ ရေခဲတောင်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ယောက်ကို ရှာဖွေရင်း စက်တင်ဘာ ၂၇ ရက်က အဆက်အသွယ် ပြတ်သွားခဲ့တဲ့ ရဟတ်ယာဉ်ကို အောက်တိုဘာလ ၇ ရက် ညနေပိုင်းက ပြန်တွေ့ခဲ့ ပါတယ်။

ထူးဖောင်ဒေးရှင်းရဲ့ အစီအစဉ်နဲ့ ရှာဖွေရေး လုပ်ဆောင်တဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါ သွားသူ ထိုင်းနဲ့ မြန်မာ ရဟတ်ယာဉ်မှူး နှစ်ယောက်နဲ့ တောင်တက်သမား တစ်ယောက်ကို ပြန်တွေ့ခဲ့တယ်လို့ သိရကြောင်း ထူး ဖောင်ဒေးရှင်းက ပြောပါတယ်။

သူတို့ထဲက တောင်တက်သမားက နောင်မွန်း မြို့နယ် ဂါးထု ကျေးရွာ အနီး လန်ကာ ရွာ ကို ပြန်လည် ရောက်လာကြတာ ဖြစ်တယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်က ဘီဘီစီ ကို ပြောပါတယ်။

ကျန်တဲ့ ရဟတ်ယာဉ်မှူး နှစ်ယောက်က ဒဏ်ရာရထားလို့ နောက်မှာ ကျန်နေခဲ့ပြီး သူတို့နဲ့ တွေ့ရဖို့ ဆက်ကြိုးစား နေတယ်လို့ ထူး ဖောင်ဒေးရှင်း ဖေစ်ဘွတ်မှာ ဖော်ပြထား ပါတယ်။

သူတို့ အားလုံးရဲ့ ကျန်းမာရေး အခြေ အနေ ကောင်းမွန်ပေမဲ့ ရဟတ်ယာဉ်နဲ့ ပတ်သက်လို့တော့ လောလောဆယ် အတိအကျ သတင်း ထုတ်ပြန် ပြောနိုင်ခြင်း မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

ရဟတ်ယာဉ်က သွားရောက် ရှာဖွေတဲ့ ခါကာဘိုရာဇီတောင် တက်ရင်း ပျောက်ဆုံးနေသူ နှစ်ယောက်ကို ရှာဖွေရေးတွေ ကိုရပ်နားခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ