ခြိမ်းခြောက်တဲ့ ပြောဆိုမှုတွေကြောင့် လွှတ်တော် အမတ် စိုးရိမ်

  • 8 အောက်တိုဘာ 2014
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ နိုင်ငံ လွှတ်တော် အတွင်းမှာ ဝေဖန်မှု တွေကို သတိထားနေရ

ရန်ကုန်တိုင်းအစိုးရနဲ့ ပြည်ထောင်စု အစိုးရရဲ့ စီမံ ကိန်းတွေကို လွှက်တော်ထဲကနေ မကြာခဏ ဝေဖန် ထောက်ပြတတ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက သူ့ရဲ့ပုဂ္ဂိုလ်ရေး ဆိုင်ရာ လုံခြုံမှုကို စိုးရိမ် နေပါတယ်။

ရန်ကုန် တိုင်းအစိုးရရဲ့ အောင်မြင်မှု မရှိတဲ့ စီမံကိန်းတွေ၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ စီမံကိန်းတွေကို ဒေါက်တာ ညိုညိုသင်းက လွှတ်တော်ထဲမှာ ရဲရဲ ဝံ့ဝံ့ တင်ပြခဲ့ တာတွေကြောင့် ရန်ကုန်မြို့သစ် စီမံ ကိန်းကို အစိုးရ ဘက်ကရပ်ဆိုင်း လိုက်တာတွေ အထိ ရှိခဲ့ ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြို့တော် စည်ပင်က ထုတ်ဝေတဲ့ သတင်းစာမှာ သူ့ကို တိုက်ခိုက် ရေးသားတာတွေ ရှိသလို အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ယောက်ကလည်း လွှတ်တော်ထဲ မှာ ခြိမ်းခြောက်တဲ့ သဘော ပြောဆိုမှုတွေ ရှိတယ်လို့ ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

အခုလို သတိပေးမှု တွေကြောင့် လွှတ်တော်မှာ နောင်ဆွေးနွေးမှုတွေ အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်၊ သူ့ဘက်က အထောက်အထား ခိုင်လုံဖို့ ပိုလိုအပ်လာမယ်၊ အစိုးရ အဖွဲ့ကို ဝေဖန်ရာမှာလည်း ဥပဒေနဲ့ ညီအောင် ပိုမို သတိထားရလိမ့်မယ် သူက ယူဆပါတယ်။

ရန်ကုန်တိုင်း အစိုးရက ဒီလို သတိပေးတာတွေ ရှိနေပေမဲ့ ပြည်သူအတွက် အရေးကြီးတဲ့ ကိစ္စတွေမှာ ထောက်ပြ ဝေဖန်တာတွေ ဆက်လုပ် သွားမယ်လို့ ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

ဝေဖန် တိုက်ခိုက်တာတွေနဲ့ ပတ်သက်လို့ တုံ့ပြန် ဖို့မရှိဘူး လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ